Part 6

344 6 0
                                    

Unicod

ကျေးကျွန်

ဉီးမင်းလှိုင် ၏အိမ်ဆိုသည်မှာ သာမန်နှစ်ထပ်တိုက်လေးသာသာ

တစ်ချိန်က နေခဲ့ဖူးသောအိမ်ကြီးကို ရှိန်း သိသော်လည်း ယခုတော့ ရှိသမျှပိုင်ဆိုင်မှုအားလုံးကိုရောင်းထုတ်လိုက်ရပုံရှိသည်

စီးပွားရေး ဆိုသည်မှာ ကြွေတစ်လှည့်
ကြက်တစ်ခုန် သာဖြစ်တတ်သည်ဟူသောသဘောကို ဉီးမင်းလှိုင် ကအဘယ်ကြောင့်လက်ခံမရဖြစ်နေပါသနည်း..

ပြီးတော့ အဲ့ဒီ Pink ကိစ္စ

အဘယ်ကြောင့်ဒီလိုလူ လက်ထဲ သူချစ်ရသူကိုအမြတ်တနိုးပေးခဲ့သောပစ္စည်းကရောက်ရှိနေပါသနည်း....

ဒေါသတကြီးမေးမြန်းတုန့်ပြန်လိုသော်လည်း နှစ်ပေါင်းများစွာ အသားကျခဲ့သောလူကြီးလူကောင်းဆန်တတ်သည့်အမှုအကျင့်ကြောင့် ဒေါသကို အသာထိန်းနေရ၏

သူရောက်သွားတော့ဉီးမင်းလှိုင်ကိုမတွေ့ရပါ

သူ့စိတ်ထဲ မသိမသာ ဆွေးကိုရှာနေမိ၏
တွေ့လည်းတွေ့လိုသည် သည်နေရာမျိုးမှာလည်းမဆုံချင်

သူ့အတွေးထဲ ဉီးမင်းလှိုင်လိုဝံပုလွေဘီလူး နှင့် ဆွေရိပ်ညိုကဲ့သို့ သိုးငယ်လေးသည်မည်သို့မျှဆက်စပ်မရသော လူနှစ်ယောက်ဖြစ်သည်

သို့တိုင် ကံတရားကသူ့ကို အဘယ်သို့သောမျက်လှည့်ပြကွက်ဆန်းတွေဖြင့် ကြိုးဆွဲနေလေသနည်း....

အိမ်ထဲသို့မဝင်ဖြစ်သေးပဲ ဘေးပတ်လှည်ကို
လှည့်ကြည့်လိုက်မိသေး၏ စွတ်မဝင်ချင်သေး

ရုတ်တရက်နောက်မှ လူတစ်ယောက်ကပုခုံးကိုပုတ်လိုက်သည်မို့ သူအနည်းငယ်တုန်တက်သွားသည်....

ဉီးမင်းလှိုင် သည်သူ့ကို ခပ်စူးစူးကြည့်လိုက်ပြီးကောက်ကျစ်သော သူ့၏မူပိုင်အပြုံးကိုပြုံးလိုက်၏...

"ဟင်း...ငါ့ရှာနေတာလား..."

ရှိန်း ဉီးမင်းလှိုင် ကိုကြည့်ကာ ဒေါသများမထိန်းနိုင်တော့....

ကျေးကျွန်Where stories live. Discover now