Part 2

917 14 0
                                    

ကျေးကျွန်

Unicode

တက္ကသိုလ် ကြီးက ဘယ်လောက်ပင်ဟောင်းဟောင်း အသစ်အသစ်သော ခံစားချက်တွေကိုတော့ ပေးစွမ်းနိုင်မြဲပါ......

တက္ကသိုလ် ကျောင်းသားဘဝလေးတွေက လွတ်လပ်တယ် လက်ဆက်တယ် အချစ်ကိုခံစားလို့အကောင်းဆုံးအရွယ်ပေါ့....

ဒါပေမယ့် ရှိန်း ကတော့ အဲ့ဒီတက္ကသိုလ်ကျောင်းသားဘဝချိုချိုလေးကိုမဖြတ်သန်းခဲ့ရပါ
တက္ကသိုလ် ဆိုတိုင်း ဒယ်ဒီ့ရဲ့မျက်နှာကိုသာပြေးမြင်နေတယ်....

" မင်းက သက်သက် အလေလိုက်ချင်​နေတာပဲရှိန်းရဲ့...."
" မင်းငါ့ကိုလည်းသနားပါဉီးကွာ မင်းအမေဆုံးပြီးထဲက မင်းအတွက်ရုန်းကန်နေရတာ..."
" ငါပညာရေးကိုအားမပေးတာမဟုတ်ဘူး မင်းတက္ကသိုလ်ကို အဝေးသင်တတ်လည်းရနေတာပဲကွ....."
"မင်းဘာမှ စောဒကတက်ဖို့မကြံနဲ့ မင်းကိုငါအဝေးသင်ပဲထားမယ် မနက်ဖြန်ကစပြီ ကုမ္ပဏီမှာအလုပ်စဆင်းရမယ်.... "
" ငါ့မှာမျော်လင့်စရာ မင်းပဲရှိတာနော် မင်းငါ့ကိုစိတ်ပျက်အောင် မလုပ်ဘူးလို့ငါမျော်လင့်တာပဲ......"
" ကျုပ်သားက အဖေ့ခြေရာနင်းရုံလောက်ဘယ်ဟုတ်မလဲဗျ...ကျုပ်ထက်ကိုသာတဲ့စီးပွားရေးလုပ်ငန်းရှင်ဖြစ်လာမှာ..."
"ဒယ်ဒီ သားကိုစိတ်ချပါပြီကွာ ငါ့သားကဒယ်ဒီ့ကို စိတ်မပျက်စေတဲ့အတွက် ဒယ်ဒီ သေပျော်ပါပြီ...."

ပြန်တွေးတာတောင် ဒယ်ဒီ့ရဲ့မာန်အပြည့်နဲ့စကားတွေက နားထဲမှာဝေ့ဝဲနေဆဲ

တစ်ခါတစ်လေ မှာတော့ ကျွန်တော့်ရဲ့ဒယ်ဒီဟာ
ကျွန်တော့်အပေါ် ကျွန်တော်မွေးဖွားလာချိန်ကနေ သူသေဆုံးချိန်ထိ အတ္တကြီးခဲ့တယ်လို့ထင်မိပေမယ့်...တကယ် တော့လည်း ဒယ်ဒီက သူ့ရဲ့
တစ်ဉီးတည်းသောသားကို သူမရှိချိန်မှာ လောကကြီးထဲ ရဲရဲရင့်ရင့် ရှင်သန်ခဲ့စေချင်တာဖြစ်မယ်..

"ဆွေးရိပ်ညို....ဟိုမှာ ဟိုအကိုကြီးတွေ့လား
မင်းကို လာကြိုတာဖြစ်မယ်..."

နားစည်သို့ရိုက်ခတ်လာသောအသံ​ကြောင့်သူ့
အတွေးစများပျက်ပြယ်သွားရ၏

ကျေးကျွန်Where stories live. Discover now