Part 14

261 5 0
                                    

Unicode

ကျေးကျွန်


"ဒါသက်သက် ရှိန်းခန့်နောင် ကိုသစ္စာဖောက်တာအသိသာကြီးပဲကွ.....မင်းဘက်ကရောဘယ်နှစ်ယောက်က ထောက်ခံနေလို့လဲ.."

အစည်းအဝေးခန်းမထဲမှာ ပြဿနာတွေက ရှုပ်ထွေးနေသည်...

ဇွဲအာကာ မနေ့ကပင် CEO ရာထူးရယူမည်ဟုဆိုသည် ယခု ဉီးမင်းလှိုင် သစ္စာဖောက်သူဟု လာရောက်စွတ်စွဲနေပေပြီ...

"ခင်ဗျား နဲ့ဘာဆိုင်လို့ခင်ဗျားက လာပြောနေတာလဲ ခင်ဗျားကအပြင်လူး ဒီမှာခင်ဗျားနဲ့ဆိုင်တဲ့ကိစ္စတစ်ခုမှမရှိဘူး ကျုပ်ကို ကန့်ကွက်နေတဲ့သူ တစ်ယောက် ခင်ဗျားတွေ့လား..."

သူ့ကို မည်သူမျှတော့ မကန့်ကွက်ရဲကြပါ ရှိန်းခန့်နောင် အပေါ် ယုတ်မာလိုက်သည်ကို သိကြသော်လည်း ယခုဇွဲအာကာ၏ အနေအထားက မည်သူမျှပြန်ခံပြောနိုင်သော အနေအထားမဟုတ်....

စုသက်ချိုပင် သို့လော သို့လော ဝေခွဲမရရှိနေ၏...

ဉီးမင်းလှိုင် ကဇွဲအာကာကို ခပ့်စေ့စေ့ကြည့်လိုက်သည်...

"သိပ်ဆိုင်တာပေါ့ကွ....ဒီမှာကြည့်လိုက်လေ..."

ဉီးမင်းလှိုင် ချပြလိုက်သော စာရွက်ကိုကြည့်ကာ အားလုံး၏အံ့ဩမှုက အထွဋ်အထိပ်သို့ရောက်ကုန်၏...

ရှိန်းသည် သူ့၏ပိုင်ဆိုင်မှုအားလုံးကို ဉီးမင်းလှိုင် အားလွှဲပေးလိုက်သည်တဲ့လား....

ဇွဲအာကာသည် အနည်းငယ်မျှအံ့ဩသွားသော်လည်း အလျှော့မပေးပါ...

"ခင်ဗျားရဲ့ ရူးကြောင်ကြောင်စာချုပ်တစ်ခုတစ်ခုအတွက်နဲ့များ ကုမ္ပဏီကို ခင်ဗျားလက်အပ်ရမှားလား ဝေးသေး ရှုယ်ယာအားလုံးရဲ့ အမည်ပေါက် ပိုင်ဆိုင်မှုက ကျုပ်ဖြစ်နေပြီ..."

ဉီးမင်းလှိုင် ကမဲ့လိုက်သည်..

"စောက်ရူးသွားပြောလေ မင်းပါးစပ်ဖျားမှာ အမည်ပေါက်နေတဲ့ကိစ္စကို ငါရော တစ်တိုင်းတစ်ပြည်လုံးကရော လက်ခံရမှာတဲ့လား...ဒီကုမ္ပဏီနဲ့ တခြားလုပ်ငန်းတွေရဲ့ ပိုင်ဆိုင်သူဟာ ရှိန်းခန့်နောင် တစ်ယောက်တည်းပဲ ခုအဲ့ဒီ
ရှိန်းခန့်နောင် ကပဲ သူ့ပိုင်ဆိုင်မှုတွေ ငါ့ကိုလွဲပေးခဲ့တာ မင်းတော့ဂျောင်းလိုက်တော့ကောင်လေး..."

ကျေးကျွန်Where stories live. Discover now