Unicode
ကျေးကျွန်
စုသက်ချိုသည် ထောင့်မကျိုး ပေမကျိုးပုံစံနှင် ခေတ်မာန်ဆိုသော ထိုကောင်ကို ဘုကြည့်
ကြည့်လိုက်သည်ဒီကောင်လေးက ဘယ်ကကောင်လေးလဲ
အမြဲတမ်း ရှိန်း နောက်သာ တစ်ကောက်ကောက် လိုက်နေသည်ဟု သိရသည်...ရှိန်းကို ဟိုကောင်လေးတစ်ကောင်ရန်က မည်သို့လုယူရမည် ကြံနေစဉ်ပင် နောက်တစ်ယောက်က ထပ်ပေါ်လာပြန်ပြီ .....
ဆန်းတော့ အဆန်းသား မိမိ၏ ရည်းစားလုဖက်ကယောက်ျားလေးတွေချည်းသာ...
ရှိန်းကလည်း ကုမ္ပဏီ ကို တစ်ခေါက်မျှပင်ပြန်လာခြင်းမရှိတော့ပါ ဇွဲအာကာကိုသာ မျက်စိစုံမှိတ် အကုန်လွဲအပ်နေ၏..
ခေတ်မာန်ကမှု ထိုအမျိုးသမီးကို အမှိုက်သဖွယ်ကြည့်၏...ပုံစံကြည့်ရုံနှင့်ပင် ဘယ်လောက် လင်တရူးကြောင်းသိသာ၏..
နှစ်ယောက်လုံးမှာ တစ်ယောက်ကိုတစ်ယောက် ရည်းစားလုဖက်သဖွယ်မြင်ရမှာလည်းရှက်နေ၏
တကယ်ကျတော့လည်း ရှိန်းခန့်နောင် ကိုသာဝိုင်းလုနေကြသည်...ရှိန်းသည် အဲ့ဒါတွေစိတ်မဝင်စားပါ သူတွင်ဆွေးအနားမှာ နေရန်မှတစ်ပါးအခြားမရှိပေ..
သူ့ရှေ့ခပ်လှမ်းလှမ်းတွင်ရပ်နေသော လူနှစ်ယောက်လုံးကို မျက်ကွယ်ပြုကာ တိုက်ထဲသို့သာပြန်ဝင်ခဲ့၏...
စုသက်ချိုသည် သူ့ဘေးမှခေတ်မာန်ကိုဒေါသများပုံချလိုက်သည်...
"နင့်ကြည့်ရတာ ပုံစံလေးကြည့်တော့ယောက်ျားအစစ်လိုလိုဘာလိုလိုနဲ့ ဂေး နေတာပဲ.."
ခေတ်မာန်က မဲ့ရွဲ့ကာ စုသက်ချို ကိုပြန်ကြည့်လိုက်သည်...
"အဲတော့ ဘာဖြစ်လဲ ခင်ဗျားလိုလင်တရူးနေတဲ့စုန်းမ မဟုတ်ဘူး.."
စုသက်ချို ဒေါသများလှိုက်ကနဲထိုးတက်သွားသည်...
"ဘာ....နင့်လိုကောင်ကများငါ့ကိုရာရာစစ.."
YOU ARE READING
ကျေးကျွန်
Romanceအခန်းလေး၏ အပြင်ဘက်စကြ်န်လမ်းနံရံဘေးတွင် ကောင်လေးတစ်ယောက်သည် ကွက်ကြည့်ကွက်ကြည့် လုပ်နေသောလူများကိုပင် ဂရုမစိုက်ပဲ သည်းထန်စွာငိုကြွေးနေ၏... တကယ်တော့ သူမှမဟုတ်ပါ အခန်းထဲတွင်လည်းကောင်လေးတစ်ယောက် ငိုကြွေးနေသေးပါ၏... ကံကြမ္မာဆိုတဲ့ အရာက အချိန်တစ်ခုထဲမှာပ...