အပိုင်း(၁)

10.3K 233 0
                                    

သာယာတဲ့မနက်ခင်းလေးတစ်ခု၊ပြတင်းပေါက်ကနေဖြာကျလာတဲ့နေမင်းရဲ့အလင်းရောင်ဟာအခန်းတစ်ခုထဲသို့ကျရောက်လို့လာသည်။မျက်လုံးနှုတ်ခမ်းတွေဟာနေရောင်အောက်မှာသိပ်ကြည့်လို့ကောင်းလိုက်တာ။မျက်ခုံးမွှေးထူထူလေးတွေနဲ့မျက်မှောင်ကျုံရင်းထလာတဲ့ဒီလူသားဟာခန့်ညားမှုတွေရာနှုန်းပြည့်ပိုင်ဆိုင်ထားတယ်ဆိုတာကြည့်ရုံနဲ့တင်သိနိုင်ပါတယ်။

"တကယ်ပါဘဲကွာမနက်ကိုရောက်လာပြန်ပြီ၊အိပ်ရတာအိပ်ရေးကိုမဝဘူး"

ဘယ်လောက်ဘဲညဥ်းတွားညဥ်းတွားကုတင်ပေါ်ကထ ရေချိုးခန်းထဲဝင်ရေချိုးဖို့ပြင်ဆင်နေတဲ့ဒီလူသားဟာဘယ်လိုလူမျိုးပါလိမ့်နော်

ရေချိုးခန်းထဲကထွက်တာနဲ့ရေတွေတွဲခိုနေတဲ့မျက်နှာလေးဟာမိန်းမပျိုတွေအတွက်ရင်ခုန်ချင်စရာကြီးပါလား။ဗီရိုထဲကအကျီအနက်၊ဘောင်းဘီအနက်ကိုစတိုင်ကျကျဝတ်ပြီးမှန်ရှေ့မှာပြင်ဆင်နေလေရဲ့

"Perfect ဘဲ"

အခန်းထဲကနေထွက်လှေကားကိုတထစ်ချင်းဆင်းနေပုံ၊လှေကားလက်ကိုင်ကိုအသာယာကိုင်ဆင်းနေပုံကိုကြည့်ရင်းရူးနိုင်လောက်ပါသည်။

"ရှိူင်းနိုးပြီလားကလေးလေး"

"ဟုတ်နိုးပါပြီမာမီ"

"ကျစ်..မနက်ခင်းအစော၊မမြင်ချင်တဲ့မျက်နှာကိုအရင်ဆုံးမြင်ရတာနဲ့ကျက်သရေကစတုံးလာပြီ"

"ဖေကြီး ကလေးကိုဘယ်လိုပြောနေတာလဲ"

"ငါပြောတာဘာမှားနေလို့လဲ၊ကိုယ်ဘာသာအမလားအထီးလားမသိတဲ့ကောင်၊တစ်အိမ်ထဲတူတူနေရတာတောင်မသတီဘူး"

ဟုတ်ပါသည်။ခွန်းရှိုင်းဆက်မောင်ဟာမိန်းကလေးတစ်ယောက်ဖြစ်သော်လည်း ယောင်္ကျားလေးဘဝကိုခံယူထားသူတစ်ဦ၊အပြောင်းအလဲတွေများစွာလုပ်ထားသောကြောင့်လူတိုင်းကယောင်္ကျားလေးလို့‌ တောင်ထင်ရလောက်တဲ့အထိဘော်ဒီတွေမိုက်‌နေတဲ့လူတစ်ယောက်။

"ရှိုင်း အဲ့တာဘယ်သွားမလို့လဲ"

"ကျွန်တော်ကျောင်းသွားတော့မယ်မာမီ"

"မနက်စာမစားတော့ဘူးလား၊ဒီမှာမာမီလေရှိူင်းသိပ်ကြိုက်တဲ့အုန့်နို့ခေါက်ဆွဲလေးလုပ်ထားတယ်"

မောင့်ရဲ့ဒဏ်ရာ [ Complete ]Where stories live. Discover now