"သွားပြီ...သွားပြီ၊အကုန်သဲထဲရေသွန်ဖြစ်သွားပြီ"
"အဖေ၊ကျွန်တော်ကျောင်းထွက်ပြီးရှာပေးပါ့မယ်"
"မရှာနဲ့သား၊မင်းဒီတစ်နှစ်ပြီးရင်ဆရာဝန်ဖြစ်တော့မှာမို့လား၊အဖေရအောင်လုပ်ပေးမယ်မင်းသာစာကြိုးစား"
"ဒါမယ့်..."
"သားကြီး!အဖေဒေါသမဖြစ်ချင်ဖူး၊အဖေပြောတဲ့အတိုင်းသာလုပ်"
"ဟုတ်ကဲ့"
အဲ့လိုနဲ့သူများအားကျရတဲ့မိသားစုကပျက်စီးသွားသလိုစီးပွားရေးလည်းအတင်းရုန်းကန်ခဲ့ရတော့တယ်။ဒီလိုတွေဖြစ်လာပြီးနောက်အဖေမေတ္တာ၊အကိုမေတ္တာကိုမရတော့တဲ့ကလျာ.....
***********************
လက်ရှိအချိန်ကာလ"ဖေဖေရေ....မေမေ့ကိုခေါ်မရတော့ဖူး၊ကိုကိုရေ...လုပ်ပါဦး"
"ယဥ်..မိန်းမ..ယဥ်ရေ၊အကို့ကိုမနောက်ရဖူးလေယဥ်...."
တော်ဝင်နှင်းဆီ...
ဒီဆေးရုံကိုဒုတိယအကြိမ်ပြန်ခြေချချင်းဘဲလွန်ခဲ့တဲ့၇နှစ်ကတစ်ခါအခုတစ်ခါ....
"ထပ်ပြီး...ထပ်ပြီးဒီအခန်းရှေ့ရောက်ရပြန်ပြီ"
ကျွီ....
"ဆရာ..ကျွန်တော့်မိန်းမအခြေအနေလေး..."
"လူနာကစိုးရိမ်စရာမရှိတော့ပါဖူး၊ဒါမယ့်..."
"ဒါမယ့်ဘာဖြစ်လဲဆရာ"
"ဟုတ်ကဲ့၊လူနာနှလုံးကအခြေအနေသိပ်မဟန်ဖူးဗျာ့နောက်ပြီးအစားထိုးကုသမှုလုပ်မှကိုဖြစ်မှာ"
"ကျွန်တော်အကုန်ဖြစ်အောင်လုပ်ပေးပါ့မယ်၊ငွေကုန်လဲအဆင်ပြေပါတယ်ကျွန်တော့်မိန်းမကိုသာကယ်ပေးပါ"
"အစွမ်းကုန်ကျွန်တော်တို့ကယ်တင်မှာပါ"
"ဟုတ်ကဲ့ကယ်ပေးပါဆရာရယ်"
************************
"အမေ၊ဆန်ပြုတ်လေးသောက်ရမယ်နော်၊နောက်ပြီးဆေးလည်းသောက်ရမယ်""အင်း..သောက်မှာပေါ့အမေ့သမီးလေးရယ်"
"ဟုတ်..အမေနေပြန်ကောင်းရမယ်နော်၊အသက်ကိုလည်းဝဝရူရမယ်"
YOU ARE READING
မောင့်ရဲ့ဒဏ်ရာ [ Complete ]
Short Storyဘဝမှာတစ်ခါလောက်ဖြစ်ဖြစ်ပျော်ရွှင်ခြင်းဆိုတာကိုခံစားကြည့်ချင်တယ် #ခွန်းရှိူင်းဆက်မောင်(ခေါ်)ခွန်းကလျာမောင် နာကျင်စရာတွေရှိလဲချစ်ပါ့မယ်မောင် #မေမြတ်နိုး