အသက်မဲ့နေတဲ့အမေ့ရဲ့ခန္ဓာကိုယ်
ကျွန်တော်ကိုသိပ်ချစ်တဲ့အမေကနှုတ်ဆက်စကားတစ်ခွန်းတောင်မှ
မပြောသွားဘဲနဲ့ထားခဲ့ရက်တယ်
ဒီလိုပုံစံမျိုးနဲ့ကျွန်တော့်ကိုနှုတ်ဆက်သွားတယ်
အမေ့ကျန်းမာရေးကောင်းဖို့အတွက်စီစဥ်ထားခဲ့တာတောင်ကံတရားကမျက်နှာသာမပေးဘဲအမေ့အသက်ကိုပါနုတ်ယူသွားတယ်"သမီးလေး၊အဖေ့အနားလာ"
"..."
"ငိုချင်ရင်ငိုချလိုက်ကွာ၊တင်းခံထားလို့ကောင်းတဲ့ကိစ္စမရှိဖူး"
"ဟင့်အင့်၊ကျွန်တော်မငိုပါဖူး၊အမေကမှာသွားတယ်သူတစ်ခုခုဖြစ်ရင်မငိုရဖူးတဲ့"
"အငယ်လေးမင်းဒီလိုပုံစံကြီးဖြစ်နေရင်အမေစိတ်ချပါ့မလားကွာ"
"....."
"ရှိူင်းသက်နောင်"
"ဟင်..သူငယ်ချင်းခိုင်၊နင်ဘယ်ကနေဘယ်လိုရောက်လာတာလဲ"
"ငါသတင်းကြားကြားချင်းတန်းလာလိုက်တာ၊ဘယ်လိုဖြစ်ရတာတုန်းဟယ်"
"ငါလည်းမသိဖူးဟာ၊မနက်ကတောင်အကောင်းကြီးကိုနေ့လယ်ခင်းကျငါတို့ကိုထားခဲ့တယ်တဲ့ဟာ"
"ရှိူင်းသက်နောင်ရယ်၊နင့်အကြောင်းငါသိတယ်၊လူရှေ့ဆိုနင်ကမငိုတတ်ဖူး၊ခုတော့ငို
သင့်တယ်ငိုချလိုက်သူငယ်ချင်းရာ""..."
"ဟင်း..တကယ်ပါဘဲရှိူင်းသက်နောင်ရယ်၊သမီးမြတ်နိုး"
"ဟုတ်"
"သွားချင်နေတာမို့လားသွားလေ"
"ရှင်...အာဟုတ်"
"အကိုရော့...."
"...."
"ရော့ယူလိုက်၊ငိုချင်ရင်ငိုချလိုက်၊စိတ်ထဲမှာတင်းထားရင်ကျန်းမာရေးလည်းထိတယ်၊အကို့အမေကအကို့ကိုဒီလိုမြင်နေရရင်စိတ်ချမ်းသာမှာမဟုတ်ဖူး"
"အင်း..ဘာမှဖြစ်ပါဖူး"
"အကို့နားမှာအကို့ကိုချစ်တဲ့သူတွေရှိသေးတယ်၊အန်တီကလည်းအကို့ကိုလွယ်လွယ်
အရူံးပေးစေချင်မှာမဟုတ်ဖူးဆိုတာသိတယ်မို့လား""အင်း"
"အွန်းလေအကိုသိနေတာဘဲကို၊ငိုချင်ငိုချလိုက်နော်"
YOU ARE READING
မောင့်ရဲ့ဒဏ်ရာ [ Complete ]
Short Storyဘဝမှာတစ်ခါလောက်ဖြစ်ဖြစ်ပျော်ရွှင်ခြင်းဆိုတာကိုခံစားကြည့်ချင်တယ် #ခွန်းရှိူင်းဆက်မောင်(ခေါ်)ခွန်းကလျာမောင် နာကျင်စရာတွေရှိလဲချစ်ပါ့မယ်မောင် #မေမြတ်နိုး