"ဒါကဘယ်လိုဖြစ်ကြတာလဲ!"
"...."
"ကိုအောင်ခင်ဗျားပြော၊ဒီလူဦးရေစာရင်းကဘာလို့စာရင်းမကိုက်ရတာလဲ"
"အဲ့တာ..ကျွန်တော်..ကျွန်တော်"
ဒုန်း
"စကားထစ်နေတာကိုငါမလိုချင်ဖူး!ငါ့ကုမ္ပဏီမှာစည်းပျက်ကမ်းပျက်တွေလုပ်နေတာငါမကြိုက်ဖူး!"
"....."
"အေးငါမင်းတို့တာဝန်ခံတွေကိုရွေးစရာနှစ်ခုပေးမယ်"
"ဟုတ်.....ဟုတ်ကဲ့"
"ပထမတစ်ခုကမင်းတို့လူဦးရေ၅၀စာလုံးရှိတယ်ဆိုပြီး၂၅ယောက်ရဲ့လစာကိုလိမ်ယူထားတာအကုန်ပြန်ဆပ်ပါပြန်မဆပ်ရင်ကုမ္ပဏီပိုင်ငွေအလွှဲသုံးစားမှုနဲ့ထောင်ထဲသွားရမယ်"
"ဗျာ..."
"ဒုတိယတစ်ခုကကိုယ့်အပြစ်ကိုယ်သိပြီးအလုပ်ထွက်ပါ!"
"သူဌေး...အဲ့တာ.."
"ငါပြောတာမပြီးသေးဖူးပါးစပ်ပိတ်ထား!"
"...."
"မင်းတို့တွေဒီကုမ္ပဏီကနေအလုပ်ထွက်ပြီဆိုတာနဲ့ငါနဲ့ပတ်သတ်တဲ့ဘယ်ကုမ္ပဏီမှာမှမင်းတို့ကိုလက်မခံဖူးဆိုတာမြဲမြဲမှတ်ထား!"
"ဟုတ်...ဟုတ်ကဲ့"
"ဒီကအလုပ်သမားတွေဘာမှမပူနဲ့တော့၊ခင်ဗျားတို့အတွက်အလုပ်သမားထပ်ခေါ်ပေးထားတယ်၊စိတ်အေးလက်အေးလုပ်ကြ၊မရတဲ့လစာတွေကိုလည်းဒီလကုန် ကျ ပေါင်းပေးပါ့မယ်"
"ရေး....."(အလုပ်သမားများစကားသံ)
******************************
"ဒီလိုကျတော့ဘယ်ဆိုးလို့လဲ၊သမာသမတ်တော့ကျသား၊ဒါမယ့်မပူပါနဲ့မင်းနဲ့ငါထိပ်တိုက်တွေ့ရမယ့်ကိစ္စရှိသေးတယ်ခွန်းရှိုင်းဆက်မောင်"******************************
"ဘော့စ်""အင်းကင်ပြော"
"ဒီနေ့ဘယ်သွားစရာရှိလဲဗျာ့"
"အင်း..ရှိပေမယ့်ငါဘာသာမောင်းသွားမှာမို့မင်းအတွက်ဆိုအလုပ်မရှိသေးဖူး"
"ဒါဆိုကျွန်တော်ပြန်လိုက်ပါဦးမယ်"
"ဟမ်...ကင်မင်းဘာလို့အတင်းပြန်ချင်နေတာ"
YOU ARE READING
မောင့်ရဲ့ဒဏ်ရာ [ Complete ]
Short Storyဘဝမှာတစ်ခါလောက်ဖြစ်ဖြစ်ပျော်ရွှင်ခြင်းဆိုတာကိုခံစားကြည့်ချင်တယ် #ခွန်းရှိူင်းဆက်မောင်(ခေါ်)ခွန်းကလျာမောင် နာကျင်စရာတွေရှိလဲချစ်ပါ့မယ်မောင် #မေမြတ်နိုး