၅နှစ်အကြာ......
မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ်
အနက်ရောင်suitဝတ်စုံအပြည့်ဝတ်ဆင်ထားတဲ့ထောင်ထောင်မောင်းမောင်းအမျိုးသားတစ်ဦး၊ကြည့်လိုက်တာနဲ့စွဲမက်ချင်စရာသိပ်ကောင်းတဲ့အမျိုးသား"ဟူး...ဒီနေရာကိုပြန်မလာချင်လည်းပြန်လာရတာပါဘဲလား"
"သား..."
"အဖေ့၊နေကောင်းတယ်နော်"
"ကောင်းပါ့ဗျာ၊မင်းအရပ်ကြီးကိုမိုးထိုးနေတာဘဲ"
"ဟျောင့်မင်းအရမ်းမိုက်နေတယ်၊ဘေးကကောင်မလေးမျက်လုံးတွေအကုန်မင်းဆီ
ကြည့်ဘဲ""ဟားဟား အကိုကြီးကတော့ပြောတော့မယ်"
"ကဲကဲ၊အိမ်ပြန်ရအောင်၊မင်းညီလည်းပင်ပန်းနေတော့နားချင်မာပေါ့"
"ဟုတ်ပြီဗျာ"
မြန်မာနိုင်ငံဆိုတာနဲ့မီးပွိုင့်ကမမီချင်မှအဆုံး
မန္တလေးကျုံးကြီးကဘယ်တော့မှမပြောင်းလဲပါလားအရင်အတိုင်းရှိနေတုန်းဘဲဒါမယ့်ပြောင်းလဲသွားတာတစ်ခုတော့ရှိတယ်အဲ့တာကမန္တလေးကျုံးကိုသိပ်မြတ်နိုးတဲ့လူတစ်ယောက်မရှိတော့တာဘဲ.....
"သား၊မင်းသူငယ်ချင်းတွေကောမင်းဒီပြန်ရောက်တာသိလား"
"ဟုတ်သိတယ်၊ညနေမှတွေ့မယ်ပြောထားတယ်"
"ဪအေးကောင်းတာပေါ့ကွာ"
"ဟုတ်ဒါဆိုအိမ်ပေါ်တက်တော့မယ်နော်"
"အေးအေး"
အရင်ဆုံးဝင်မိတဲ့အခန်းလေး
ဒီအခန်းထဲမှာဘယ်လောက်နှစ်တွေကြာကြာအငွေ့အသက်တွေကအရင်အတိုင်းနွေးထွေးဆဲဘဲ၊ထားခဲ့သူထပ်ကျန်ခဲသူတွေကပိုပြီးနာကျင်ရတယ်ဆိုတဲ့စကားသိပ်မှန်သလား...၊ဘယ်လောက်နှစ်ကြာကြာသတိရသွားရင်ငိုမိနေတာ အမြဲတမ်းပါဘဲ"ဟူး...ပင်ပန်းလိုက်တာ"
ညနေ၄နာရီ
"အဖေ့"
"ဟေ၊နိုးပြီလား"
"ဟုတ်၊အပြင်သွားမို့၊သူငယ်ချင်းတွေနဲ့ချိန်းထားလို့လေ"
"အေးသွားလေ၊ညစာကောပြန်လာစားမာလား"
"ပြန်လာစားဖြစ်လောက်မှာပါ၊မစားဖြစ်ရင်ဖုန်းဆက်မယ်လေ"
![](https://img.wattpad.com/cover/364429452-288-k335374.jpg)
YOU ARE READING
မောင့်ရဲ့ဒဏ်ရာ [ Complete ]
Cerita Pendekဘဝမှာတစ်ခါလောက်ဖြစ်ဖြစ်ပျော်ရွှင်ခြင်းဆိုတာကိုခံစားကြည့်ချင်တယ် #ခွန်းရှိူင်းဆက်မောင်(ခေါ်)ခွန်းကလျာမောင် နာကျင်စရာတွေရှိလဲချစ်ပါ့မယ်မောင် #မေမြတ်နိုး