လွန်ခဲ့သော၇နှစ်ခန့်က.....
"ကလျာ၊ရှိူင်းမင်းနောင် ဒီကိုလာကြဦးဖေ့သားနဲ့သမီး"
"ဟုတ်ဖေဖေ"
"ဒါဖေဖေတို့ကုမ္ပဏီရဲ့ပါတနာဦးအောင်ခန့်သော်တဲ့၊ဒါကသူ့သားကောင်းခန့်သော်၊သေချာမှတ်ထားကြနော်"
"ဟုတ်ကဲ့တွေ့ရတာဝမ်းသာပါတယ်ဗျာ့"
"ဟုတ်ကဲ့တွေ့ရတာဝမ်းသာပါတယ်နောက်ပြီးHappy Birthday ပါအကို
ခွန်းရှိူင်းမင်းနောင်ဗျာ့""ဟုတ်ကဲ့ကျေးဇူးပါဗျာ့"
"ဦးခွန်းရှိူင်းသက်နောင်၊ကျုပ်တို့အရေးကြီးတာတိုင်ပင်ရအောင်ဗျာ၊ကလေးတွေအချင်းချင်းလွတ်လွတ်လပ်လပ်စကားပြောပါစေ"
"ဟုတ်သားဘဲဗျ၊သမီးကလျာ၊သကောင်းခန့်သော်နဲ့စကားပြောလိုက်ဦးနော်၊သူကသမီးနဲ့ရွယ်တူလည်းဖြစ်သလိုတစ်ကျောင်းထဲလည်းတူတူတက်တယ်သမီးရဲ့"
"အာ..ဟုတ်ကဲ့ပါ"
ဒီလိုလူကြီးတွေကြားမပါချင်လို့ ကွကိုယ်အိမ်ထဲနေတာတောင်အတင်းပါခိုင်းနေတယ်၊အရှေ့ကကောင်ကလည်းဘာကောင်မှန်းကိုမသိ။စိတ်ပျက်စရာကြီး။
"ဒါနဲ့နာမည်ကခွန်းကလျာမောင်နော်"
"ဟုတ်ပါတယ်"
"ကျွန်တော်ကလျာကိုသိတယ်၊ကျွန်တော်တို့အတန်းရှေ့အမြဲဖျက်ဖျက်သွားတော့မျက်မှန်းတန်းမိနေတာ"
မသိရင်သူပြောတဲ့ပုံကငါကဘဲလက်ယားလက်ယားနဲ့သူမြင်အောင်သူ့အတန်းရှေ့ဖြတ်လျှောက်နေသလိုဘဲ။
"ဪ"
"ကလျာက စကားနည်းတယ်နော်"
နည်းချင်လို့နည်းတာမဟုတ်ဖူးဟေ့၊ကျက်သတုန်းတွေနဲ့ဖောင်ဖွဲ့ပြီးစကားမပြောချင်လို့
"အင်း"
"ဒါနဲ့လေ...."
"သမီးကလျာ"
"ဟုတ်မေမေ"
"သမီးကိုကိုကော"
"ဟိုနားမှာသူ့သူငယ်ချင်းတွေနဲ့စကားပြောနေလေရဲ့"
"သားရှိူင်းမင်းနောင်"
"ဗျာအမေ့"
"ဒီကလေးကိုအဖော်ပြုပေးလိုက်ပါဦးကွယ်၊ငယ်လေးကိုအမေအိမ်ထဲခဏခေါ်သွားချင်လို့"
YOU ARE READING
မောင့်ရဲ့ဒဏ်ရာ [ Complete ]
Short Storyဘဝမှာတစ်ခါလောက်ဖြစ်ဖြစ်ပျော်ရွှင်ခြင်းဆိုတာကိုခံစားကြည့်ချင်တယ် #ခွန်းရှိူင်းဆက်မောင်(ခေါ်)ခွန်းကလျာမောင် နာကျင်စရာတွေရှိလဲချစ်ပါ့မယ်မောင် #မေမြတ်နိုး