အတင်းအကြပ်ဆက်ဆံခဲ့ခြင်းရဲ့အကျိုးဆက်ကြောင့် ညပိုင်းတွင် Zayneတစ်ယောက် အဖျားတက်တော့သည်။ ခြစ်ခြစ်တောက်ပူနေသောကိုယ်နှင့် နီစွေးသောမျက်နှာကိုမြင်တော့ Rish စိတ်အနှောင့်အယှက်ဖြစ်စွာ ဆံပင်ထိုးဖွပစ်မိ၏။
အကျိုးနည်း..... ဒီကောင်က ဒီလောက်ပျော့လိမ့်မယ်လို့ သူဘယ်ထင်ထားမလဲ။
ထိုမျှသာမက Zayneသည် သူ့ဆီရောက်နေသည့်ရက်တွေ၌ ဘာကိုမှမယ်မယ်ရရမစားဟု အစေခံများက ပြောလာကြသည်။
အဖျားကျဆေးထိုး၍ ဂလူးကို့စ်ချိတ်ပေးထားသည့်တိုင် စုနေသည့်Rishမျက်ခုံးတို့က မပြေလျော့သွားနိုင်။ သန်းခေါင်ကျော်လောက်မှ အဖျားကပြန်ကျပြီး Zayneသည်လည်း နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နိုင်ခဲ့သည်။
တစောင်းလှဲ၍ ကွေးကွေးလေးအိပ်ပျော်နေသူအနားကို အမြန်တိုးကပ်၍ အပူစမ်းလိုက်သည်။
'အဖျားတော့ကျသွားခဲ့ပြီ'
ထို့နောက် ဆေးဘူးအချို့ထုတ်ယူကာ Zayneဘောင်းဘီကို အနည်းငယ်မျှဆွဲချလိုက်သည်။
Rishလက်သွားဆေးပြီးချိန်တွင် Zayneဘေးသို့အသာအယာတိုးကပ်ပြီး နားသယ်စနား နှုတ်ခမ်းဖြင့်ဖိကပ်ကာ အနောက်ကနေဖက်အိပ်လိုက်လေသည်။
-
"ဆေးသောက်ဖို့ ဆန်ပြုတ်အရင်သောက်ရအောင်"
Zayneက နှုတ်ခမ်းကိုစေ့ပြီး ပါးစပ်လုံးဝမဟပေ။
သူနိုးနိုးချင်းမှာပဲ တစ်ဖက်လူ၏ပေါင်ပေါ် အတင်းပွေ့ထိုင်ခံလိုက်ရပြီး ဆန်ပြုတ်အတင်းတိုက်လာ၏။
သူအရမ်းမုန်းတဲ့ဆန်ပြုတ်ကို အသာထားဦး။ တစ်ဖက်လူက ခွံ့ကျွေးလာသေး။
Rishက ဇွန်းဖြင့်ထိုး၍ Zayne၏နှုတ်ခမ်းနားတေ့ကာ.....
"မင်းစားမှာလားမစားဘူးလား"
Zayne မျက်နှာကိုလွှဲလိုက်ပြီး အသံတိတ်အဖြေပေးလိုက်၏။
"မင်းယုံမလားတော့မသိဘူး..... မင်းရဲ့ပါးစပ်သာအခုချိန်ဟမလာရင် မင်းရဲ့လျှာကို ခက်ရင်းနဲ့ ထုပ်ချင်းပေါက်ထိုးထည့်ပစ်မယ်"