"Rish"
Zayne တိုးဖွဖွလေးခေါ်လိုက်သည်။ Rishက သူ့ကို တိတ်တဆိတ်သာကြည့်လာပြီး လက်ကောက်ဝတ်ကိုဖိထားရင်း ဘာမှမဆို။
သူ့ကိုကာကွယ်နေသောအချိန်၌ Rish၏လက်ကောက်ဝတ် တစ်ခုခုထိခိုက်သွားမှန်း သူသိသည်။ ထို့ကြောင့် ထိုလက်ကောက်ဝတ်ကိုဆွဲယူကြည့်ချင်ပေမယ့် Rishက အသာအယာရှောင်ထွက်လိုက်၏။
"ငါတောင်းပန်ပါတယ်"
သူဘာကိုတောင်းပန်နေသလဲဆိုတာကို Rishသိပေလိမ့်မည်။
"ငါမရည်ရွယ်ခဲ့ပါဘူး သူကငါမလွတ်နိုင်အောင်လို့ အတင်းအကြပ်....."
Zayneပြောနေရင်းနဲ့မှ ရပ်သွားပြီး သူဆက်ပြောလေလေ၊ ပိုပြီးရှက်ဖို့ကောင်းလာလေလေဟုထင်မိလေ၏။
တင်းမာအေးစက်နေသော Rish၏မျက်နှာထားမှာ မဆိုသလောက်ပြေလျော့သွားပြီး.....
"အင်း"
"မင်းစိတ်မဆိုးဘူးမို့လား"
သူ၏ စိုးရိမ်မှုကိုခံစားမိတော့ Rishက ပို၍ပင်စိတ်ကျေနပ်သွားသည်။ သို့သော် မဖော်ထုတ်လိုက်ဘဲ....
"အဆင်ပြေပါတယ်"
Rishတကယ်စိတ်ဆိုးပုံမရတော့ Zayneဘေးနားအသာတိုးကပ်ပြီး ထိုင်လိုက်၏။
သူ့မိဘပြီးရင်သူ့ကိုဂရုအစိုက်ဆုံးက Rishဆိုတာ ရူးနေမှ သူမရိပ်မိဘဲနေလိမ့်မည်။ အန္တရာယ်ကြုံရတဲ့အချိန်မှာပင် Rishက သူ့ကိုကာကွယ်ပြီး အထိခိုက်ခံလိုက်သေးသည်။
သူ့နှလုံးသားက အများကြီးပျော့ပျောင်းလာပြီး မျက်လုံးမှိတ်အနားယူနေသောRishကို တိုးဖွဖွရင်ခုန်သံဖြင့် ငေးစိုက်ကြည့်လိုက်သည်။ သူမနေနိုင်စွာဖြင့် ရုတ်ချည်းခေါင်းစောင်း၍ Rish၏မျက်ဝန်းထောင့်ကို အနမ်းပေးလိုက်သည်။
Rish၏မျက်တောင်တို့က ပုစဥ်းတောင်ပံခတ်သွားသလို အနည်းငယ်လှုပ်ခတ်၍ ပွင့်လာသည်။ တစ်ယောက်ကိုတစ်ယောက် တိတ်ဆိတ်စွာငေး၍ အချိန်မည်မျှကြာမှန်းပင်မသိသောအချိန်မှ Zayne တစ်ဖက်လူ၏နှုတ်ခမ်းကို အသာအယာဖိကပ်လိုက်ပေသည်။
ရမ္မက်တို့ပါဝင်နေခြင်းမရှိ။ နူးညံ့သည်။ ဆိတ်ငြိမ်သည်။ ပြီးတော့ ဗရမ်းဗတာဖြစ်လာသော ရင်ခုန်သံများရှိသည်။ များစွာသောသက်ရောက်မှုကြားမှာ သူတို့အကြာကြီးနမ်းဖြစ်ခဲ့ကြသည်။