8

3.9K 78 4
                                    

တံတွေးများကို သူမျိုချမိသွားသည်အထိ Rishက ဖိအားပေးလေသည်။ ပြီးနောက်တွင် သူ၏ခံတွင်းထဲ လျှာဖြင့်မွှေနှောက်လာပြီး သူ၏လျှာကို အားပြင်းစွာ မရပ်မနားစုပ်ယူတော့သည်။

အရင်းထိတိုင် ခပ်ပြင်းပြင်းစုပ်ယူခံနေရသောကြောင့် Zayneမှာ သူ့လျှာတစ်ခုလုံး ထုံထိုင်းနာကျင်ပြီး ပြုတ်ထွက်တော့မလိုပင် ခံစားနေရ၏။

တစ်ဖက်လူ၏လျှာကို ကိုက်ရန်ကြိုးစားလိုက်သော်လည်း လည်ပင်းထက်ကလက်အားက ပို၍တင်းကြပ်လာသည်။ Zayneမှာ အသက်ရှူရပ်လုတော့မတတ်။

"မင်းသိလား ငါမင်းအပေါ်အကြမ်းပတမ်းမလုပ်ချင်ဘူး.... ဒါပေမယ့် မင်းကငါ့ကိုဖိအားပေးရတာကို ကြိုက်တယ်ထင်တယ်..... မလိမ်မာတဲ့သူတွေက အပြစ်ပေးခံရမှာ"

Rishက သူ့ကိုအသက်ရှူခွင့်ပေး၍ နားနားကပ်ပြောလာ၏။

Zayneသည် ဖြစ်ချင်ရာဖြစ်ဟုတွေးကာ တစ်ဖက်လူကို အားနှင့်ဆောင့်ကန်ပစ်လိုက်သည်။

"မင်းမေကိုသွားလိုးပြီးပြောလိုက်!"

ဘာကိုအကြမ်းပတမ်းမလုပ်တာလဲ!!
ဘာကိုဖိအားမပေးချင်တာလဲ!!

သူ့ကိုလှောင်ပိတ်ပြီး သားရဲတစ်ကောင်လိုဆက်ဆံသွားတာ သူ(R)မဟုတ်ဘူးလား!!

ဒါတောင် သူအမှားလုပ်မိသွားသလိုမျိုး လာပြောရဲသေးတယ်ပေါ့!

စောက်ကျိုးနည်း!!!!!

Rishဆိုသည်မှာလည်း အလွယ်တကူဖြုတ်၍မရသော ဒေါသခပ်ကြီးကြီး သခင်လေးတစ်ယောက်ပင်။ ချက်ချင်းပဲ Zayneကိုဆောင့်ဆွဲ၍ လက်သီးကိုဆွဲမြှောက်လိုက်သည့်တိုင် သူမထိုးရက်နိုင်ပေ။

ထင်းထွက်နေသောမေးကြောတို့နှင့် သွေးဆာနေသည့်မျက်ဝန်းမျကမူ သူဘယ်လောက်ဒေါသထွက်နေသည်လဲ ပြသနေပြီး ခက်ခက်ခဲခဲထိန်းနေရသည့်လက်သီးသည် သူ၏စိတ်ကြီးမှုကြောင့် တုန်နေသည်။

ထိုအချိန်မှာပဲ Zayneက သူ့ကို တိုက်ခိုက်လာခဲ့လေသည်။

-

Rish၏သည်းခံမှုတို့က နောက်ဆုံးတော့ပြတ်ထွက်သွားခဲ့ပြီပင်။

သူအလွယ်တကူပဲ Zayneကိုဖမ်းချုပ်လိုက်ပြီး အိပ်ရာပေါ်ပစ်ချ၍ Zayneအား ပညာပေးရန်ဆုံးဖြတ်လိုက်စဥ်.....

R I S H (completed) Where stories live. Discover now