XXမြို့သို့သွားသည့်ခရီးစဥ်က ခက်ခဲပင်ပမ်းခြင်း အလျဥ်းမရှိခဲ့ပေ။ ကိုယ်ပိုင်လေယာဥ်ကို နာရီအနည်းငယ်စီးသွားရုံသာဖြစ်၏။
သို့သော်လည်း လုံလုံလောက်လောက် နှိပ်စက်ခံထားရသောZayneအနေဖြင့် နုံးခွေနွမ်းချိနေပေတော့သည်။
Rishဆီကပညာပေးခံရသည့် ယခုအကြိမ်တွင် Zayneလုံးဝငြိမ်ကျသွားခဲ့သည်။ ဒီတစ်ခါတော့ ဘာအတွေးမှပင်မတွေးရဲပဲ တကယ်ငြိမ်ကျသွားခြင်းဖြစ်ပေသည်။
XXမြို့၏ခေါင်းဆောင်က အသက်၆၀ကေျာ်နေပြီဖြစ်ပြီး ယနေ့တွင် နုတ်ထွက်ခြင်းအထိမ်းအမှတ်ကို ပြုလုပ်ကျင်းပမည်ဖြစ်သည်။ နိုင်ငံရေးအသိုင်းအဝိုင်းပါ ပါရှိသောကြောင့် သူနှင့်မဆိုင်ပေမယ့်လည်း Zayneတော်တော်လေးစိုးထိတ်နေမိဆဲ။
သူတစ်ယောက်ယောက်ကို မတော်တဆအပြစ်ပြုမိရင် ဘယ်လိုလုပ်မလဲ။နိုင်ငံရေးအသိုင်းအဝိုင်းထိပါ ဝင်ဆံ့သည့်Rishကတော့ ဘာကိုမှစိုးရိမ်နေပုံမပေါ်။ ထိုအစား စတိုင်လစ်က သူ့ကိုပြင်ဆင်ပေးလာသည်ကို လက်ပိုက်မှီ၍ ရပ်ကြည့်နေခဲ့သည်။
Zayneက ယခုအချိန်တွင် အရမ်းကိုနာခံမှုရှိနေခဲ့သည်။ ၎င်းကပင် Rishအား စိတ်မသက်မသာဖြစ်လာစေသည်။ သူသည် ဟော့ဟော့ရမ်းရမ်းဖြင့်Sexyကျလှသော အမျိုးသားစတိုင်လစ်ကို အစာကိုကာကွယ်မည့်သားရဲ၏ အသင့်အနေအထားပုံမျိုးဖြင့် ရပ်ကြည့်နေခဲ့သည်။
"ဆံပင်ပုံစံကရသွားပြီဆိုတော့ အဝတ်လဲရအောင်"
စျေးကြီးသောကိုယ်တိုင်းဝတ်စုံကို ဗီရိုထဲကမထုတ်လာခင် စတိုင်လ်လစ်က Zayne၏မူလရှပ်ကို ကြယ်သီးကူဖြုတ်ပေးချင်ခဲ့သည်။
Rish၏ကိုယ်က ဆတ်ခနဲမတ်သွားပြီး စူးစူးရဲရဲဖြစ်သွားသည်။
"အဆင်ပြေတယ် ကျွန်တော့်ဘာသာချွတ်လိုက်မယ်"
Zayneက နေရခက်သွားတာကြောင့် အကူအညီကိုငြင်းပယ်လိုက်ရာ စတိုင်လ်လစ်က စွဲမက်စရာမျက်ဝန်းကိုပင့်၍ အပြုံးဖြင့်အင်္ကျီယူထုတ်လိုက်သည်။
ကိုလူချော၏ကိုယ်ကို သူနည်းနည်းတော့အသားယူချင်နေမိခဲ့သည်။ သို့သော် အဝတ်များဝတ်ပေး၍ အသားမယူရသေးခင် သူ၏လက်ထဲက အင်္ကျီသည် ဆွဲလုခံလိုက်ရပြီး.....