7

3.9K 81 8
                                    

Zayneသည် အပြင်ဘက်ကမြင်နေရသည့် ရင်းနှီးသောမြို့မြင်ကွင်းကိုကြည့်၍ စိတ်ဓာတ်ကျနေသည်။

အပြင်ဘက်ကမ္ဘာကြီးက သူနှင့် ကားမှန်တံခါးတစ်ချပ်သာခြား၏။ သို့သော်လည်း သူမထိတွေ့နိုင်။

တခြားသူများအမြင်တွင်မူ လူ့အသိုက်အဝန်းထဲတွင် သွားလာနေသော ကားတစ်စီးမျှသာဖြစ်သည်။ ထိုအလုံပိတ်ကားတစ်စီးထဲမှာ တစ်စုံတစ်ယောက်၏ပိတ်နှောင်ထားခံရသော ဘဝကို မည်သူမှသိရှိနိုင်မည်မဟုတ်ချေ။

-

"ဒါဝတ်ထား"

Rishက သူ့အတွက် အနွေးထည်ခြုံပေးလာစဥ် ကားသည် လုံခြုံရေးတင်းကြပ်သော အဆောက်အအုံတစ်ခု၏ ဝင်ပေါက်ကနေ ဝင်သွားခဲ့သည်။

Zayne ရှောင်ဖယ်လိုက်ပြီးနောက် သူကိုယ်တိုင်ယူဝတ်လိုက်သည်။  ကားထဲကနေ ထွက်လာချိန် Companyအား အလိုအလျောက်မော့ကြည့်လိုက်မိရာ အေးစက်သောအသွင်နှင့် ခပ်ရှင်းရှင်း Logoအား မြင်လိုက်ရလေ၏။

TK နည်းပညာကုမ္ပပီ......။

Rishနှင့်ပတ်သက်သော ထိုကောလဟာလသည် မှန်နေပုံရပေသည်။ သူသည် TKနှင့် တစ်နည်းနည်းဆက်စပ်နေလိမ့်မည်။ တခြားဘယ်အရာကိုမှတော့ Zayneထပ်မံမရိပ်မိခဲ့သေးချေ။

Rishက Companyဝင်ပေါက်ဆီ ဦးတည်လိုက်သည်။

Rishအာရုံမစိုက်နေသည်ကို အခွင့်ကောင်းယူ၍ထွက်ပြေးချင်သော်လည်း အစောင့်ကပင် 190cmကျော်သောလူဖြစ်သည်။

သူသေကြောင်းမကြံတာကမှ ပိုကောင်းမည်။ ပတ်ဝန်းကျင်တွင်လည်း ဖြတ်သွားဖြတ်လာ သိပ်ရှိတာမဟုတ်။ ဘာကိုမှဂရုမစိုက်ပုံအရ ဒါက Rish၏ပိုင်နက်ပင် ဖြစ်နေနိုင်သေးသည်။

Rishသည် သူ့အား ဝင်ပေါက်ဆီသို့ခေါ်ဆောင်သွားခဲ့ပြီး ဓာတ်လှေကားဆီခေါ်ဆောင်သွားတာဖြစ်ပြီး 36ဟူသောခလုတ်ကို နှိပ်လိုက်ပေ၏။

ဓာတ်လှေခါးတံခါးပွင့်လာချိန်တွင် Rishက စင်္ကြံလမ်းဆီလျှောက်သွားပြီးနောက် ညာသို့ကွေ့ကာ လှေခါးထစ်အနည်းငယ်ကို ကျော်တက်လိုက်သည်။

Zayne စိတ်မပါလက်မပါလိုက်သွားပြီး လှေခါးထစ်များကို ကျော်ဖြတ်ပြီးသော် ခေါင်မိုးထပ်သို့ရောက်ရှိသွားပြီဖြစ်သည်။

R I S H (completed) Where stories live. Discover now