Part-1

666 35 12
                                    

မွေးကတည်းကပြည့်စုံစွာမွေးဖွားလာတဲ့
နီရှီမူရာရီခီဆိုသူဟာ သူ့မိဘတွေနဲ့အတူဂျပန်မှာနေထိုင်ခဲ့ပြီး တစ်ဦးတည်းသောသားမို့ အရမ်းလည်းအလိုလိုက်ခံရသလို လုပ်ချင်တာဘာမဆိုလုပ်လို့ရပေမဲ့ ပျက်စီးသွားခြင်းမရှိ၊ကလေးတစ်ယောက်ကဲ့သို့ အရမ်းကိုရိုးသားပြီးအလုပ်လုပ်ချင်စိတ်ပြင်းပြနေ‌သူတစ်ယောက်ပါ...။

တစ်နေ့ကျတော့ ကိုးရီးယားကိုသွားပြီးအဲ့မှာကျောင်းတက်ရင်းအလုပ်လုပ်ဖို့အတွက်ဆန္ဒပြင်းပြနေတာကြောင့် သူ့မိဘတွေကိုအတင်းပူဆာခဲ့၍ သူ့မိဘတွေလည်းသူတို့သား‌လေးစိတ်ဆန္ဒအရမ်းပြင်းပြ‌နေတော့လက်ခံ‌ပေးလိုက်ရကာ နီခီတစ်ယောက်
ကိုးရီးယားကိုခရီးနှင်ခဲ့တော့တယ်...။

။။။

ကိုးရီးယားလေဆိပ်လည်းရောက်ကော
သူ့အချစ်ဆုံးသူငယ်ချင်းချွဲဂျွန်ဆောင်း
ဆိုသူကိုဖုန်းဆက်ခေါ်ကာ

"ရောက်ပြီလားသားကြီး?"

"အေးရောက်ပြီ အခုပဲ"

"အေးအေးခနအဲ့မှာနေနေဦး ငါလာကြိုမယ်ငါအခုအိမ်မှာမဟုတ်လို့ ခနလေးစောင့်ဦး"

"မြန်မြန်လာခဲ့"

"၁၀မိနစ်ပဲစောင့် အခုပဲထွက်လာခဲ့မယ်
အိုကေ?"

"အိုကေ" ဆိုပြီးဖုန်းချလိုက်ကာ ခုံတစ်ခုံမှာထိုင်လိုက်ပြီး နားကြပ်တပ်၍သီချင်းနားထောင်ရင်းစောင့်နေတော့တယ်...။

၁၀မိနစ်လည်းကြာကော သူ့သူငယ်ချင်းကရောက်လာပြီး 

"နီခီရေ" ဆိုပြီးလှမ်းအော်ခေါ်လိုက်ကာ
နီခီကသူ့သူငယ်ချင်းကိုမြင်သွား၍ နားကြပ်ဖြုတ်ပြီးထလိုက်တာပေါ့...။

ဂျွန်ဆောင်းကသူ့ကိုပြေးဖက်ပြီး နီခီရဲ့ကျောလေးကိုပုတ်ကာ

"အမလေး လွမ်းနေခဲ့တာ"

"ငါကောပဲ မင်းဒီမှာနေရတာအဆင်ကောပြေရဲ့လား?"

𝕥𝕙𝕠𝕣𝕟𝕪 𝕝𝕠𝕧𝕖 ✓ || Hoonki🐧🐥Where stories live. Discover now