Part-3

256 31 10
                                    

နီခီလက်ကိုအတင်းဆွဲသွားပြီးထိုနေရာကနေပထုတ်သွားကာလုံခြုံလောက်တဲ့တစ်နေရာကိုခေါ်သွားတော့တယ်...။

နီခီကိုနံရံမှာကပ်လိုက်ပြီး သူ့လက်ကိုထောက်လိုက်ကာ

"မင်းရူးနေလား?သေချင်လို့လား?မေးနေတယ်လေ"

"တောင်း-တောင်းပန်ပါတယ်"

"ကိုယ်ရူးသွားလိမ့်မယ် ရီခီငယ်တစ်ခုခုဖြစ်ရင်ကိုယ်တကယ်ရူးသွားလိမ့်မယ်" ဆိုပြီး
နီခီလက်ကိုကိုင်လိုက်ပြီး သွေးတွေထွက်နေတဲ့ထိုလက်တစ်စုံကိုစိတ်ပူတဲ့မျက်ဝန်းငယ်နဲ့ကြည့်နေခဲ့တာပေါ့...။

"ခနစောင့် ဆေးဝယ်လာခဲ့မယ်"
ဆိုပြီးဆေးဆိုင်ကိုပြေးသွားပေမဲ့ ဆေးဆိုင်ကပိတ်ထားတာကြောင့်ပြတင်းပေါက်ကနေခုန်ကျော်လွှားပြီး အထဲကိုဝင်သွားတာကိုနီခီကြောင်ကြည့်နေခဲ့တော့တယ်...။

ဆေး‌တွေယူလာပြီး နီခီအနားကိုပြန်ရောက်လာကာ

"ရလာပြီ" ဆိုပြီးနီခီလက်ကိုဆွဲယူလိုက်အနာကိုဆေးသေချာထည့်ပေးပြီး မှုတ်ပေးကာ

"နာနေလား?ရီခီငယ်?"

"မနာဘူးဗျ"

"အမ်?"

"အကို့မျက်နှာကိုကြည့်နေရတော့နာတော့ဘူးဗျ" ဆိုပြီးပြောနေတော့ ဆောင်းဟွန်းအနာကိုလက်သည်းနဲ့ဖိလိုက်တော့တယ်...။

𝕥𝕙𝕠𝕣𝕟𝕪 𝕝𝕠𝕧𝕖 ✓ || Hoonki🐧🐥Where stories live. Discover now