နောက်တစ်နေ့မနက် ကျောင်းပိတ်ရက်လည်းရောက်ကော ဆောင်းဟွန်းက
ဂျွန်ဆောင်းမနက်စာလုပ်နေချိန် အနားရောက်လာပြီး"ဂျွန်ဆောင်း"
"ဟုတ်ကဲ့ကိုကြီးပြောပါဗျ"
"ဟိုကော်ဖီဆိုင်ကပိုင်ရှင်ကိုပြောထားလိုက် နောက်တစ်ခါဆိုသေမယ်လို့" ဆိုပြီး
ပြောနေချိန် နီခီကထိုကိစ္စကိုဂျွန်ဆောင်းကိုအသိမခံစေချင်တော့ အခန်းထဲကပြေးထွက်လာတာဖြစ်ပြီး သူလာတာတောင် နောက်ကျသွားခဲ့ပြီပေါ့...။"ဆိုင်ရှင်?ဘာဖြစ်လို့လဲ?" ဆိုပြီးမေးတော့
ဆောင်းဟွန်းကနီခီကိုမျက်စပစ်ပြလိုက်ကာ"တကယ်တော့မနေ့ညက" ဆိုပြီးဖြစ်ရပ်မှန်အစအဆုံးကိုပြောပြလိုက်တော့
ဂျွန်ဆောင်းကပါးစပ်အဟောင်းသားနဲ့ဖြစ်သွားပြီး"အဲ့ကြောင့် မင်းပါးကနီရဲနေတာလား?"
"ငါမသတ်မိခင်ပြေးလို့"
"နေပါဦး ငါလည်းပြောထားရဲ့သားနဲ့ဘာလို့ငါကဒီကိစ္စကိုမသိရတာလဲ?ဒီအန်တီကြီးကတော့"
"ထားလိုက်ပါ"
"ငါသေချာပြောထားရဲ့သားနဲ့ကွာ
ငါ့သူငယ်ချင်းကအဲ့လိုလုပ်မယ်တဲ့လား?အခြေအမြစ်မရှိတာတွေ""နောက်အလုပ်တစ်ခုရှာပေးလိုက်"
"အလုပ်ကတော့ပေါပါတယ် ဒါပေမဲ့နိုင်ငံခြားသားဆိုသိပ်မလက်ခံကြဘူးဗျ"
"အဲ့ဆို ငါ့ဘက်ကရှာပေးလိုက်မယ်"
"အဲ့လိုရလို့လားဗျ?"
"ရတယ်"
"အဲ့ဆိုလည်းပြီးတာပဲလေ ဒါဆိုငါ့ကိုကြီးအလုပ်သွင်းပေးလိမ့်မယ်စိတ်မပူနဲ့နော်၊ဒါပေမဲ့လည်းအဲ့စောက်...ငါပြောလိုက်ရင်မကောင်းဖြစ်တော့မှာ ငါ့သူငယ်ချင်းနုနုထွတ်ထွတ်ပါးပေါ်လက်တင်စရာကိုမလိုတာ အားနာလိုက်တာသူငယ်ချင်းရယ်မင်းလုပ်တာလည်းမဟုတ်ပဲနဲ့ငါ့ကြောင့်နဲ့"
YOU ARE READING
𝕥𝕙𝕠𝕣𝕟𝕪 𝕝𝕠𝕧𝕖 ✓ || Hoonki🐧🐥
Fanfiction"ကျွန်တော်ရာဇဝတ်သားတစ်ယောက်ကိုချစ်မိသွားပြီ..."