Part-2

338 32 18
                                    

မိနစ်အနည်းငယ်ကြာတော့ ဆောင်းဟွန်းလည်းအခန်းထဲကထွက်လာကာ ဂျွန်ဆောင်းလည်းဟင်းချက်လို့ပြီးသွားခဲ့ပြီး

"လိုက်ခဲ့" ဆိုပြီးအရှေ့ကနေခပ်မိုက်မိုက်နဲ့သွား၍
နီခီလည်းပြေးလိုက်သွားတော့တယ်...။

အနောက်ကနေကြည့်နေရတာနဲ့ကို သဘောကျစရာကောင်းနေပြီးဆွဲဆောင်မှုရှိတဲ့သူရဲ့ဘေးတိုက်မျက်နှာလေးကိုခနခနအာရုံစိုက်မိနေခဲ့တာပေါ့...။

ဆောင်းဟွန်းတစ်ယောက်သတိထားမိသွားပြီး အရှေ့ကသွားနေရင်းက ရပ်လိုက်၍နီခီတစ်ယောက်ဆောင်းဟွန်းရဲ့ကျယ်ပြန့်တဲ့ကျောပြင်နဲ့ခေါင်းနဲ့တိုက်မိသွားကာ

"တောင်းပန်ပါတယ်ဗျ" ဆိုပြီးပြောနေချိန် ဆောင်းဟွန်းကအရှေ့ကိုလက်ညိုးထိုးပြပြီး

"ပန်း" ဆိုပြီးပြောတော့ ဆောင်းဟွန်းအနောက်ကနေအရှေ့ကိုလှမ်းကြည့်လိုက်တော့တယ်...။

အရမ်းကိုလှပပြီး‌ နေရောင်အောင်မှာလက်လက်ထ‌နေတဲ့ပန်းများက နီခီရဲ့အာရုံကိုဖမ်းစားလိုက်ကာ နီခီတစ်ယောက်တကယ့်ကို ကလေးတစ်ယောက်လိုဖြစ်သွားပြီး ပန်းတွေဆီပြေးသွားတော့တာပေါ့...။

အနံ့လေးတွေကိုရှူလိုက်ပြီး သဘောကျနှစ်သက်နေကာ

"မွှေးလိုက်တာပန်းလေးတွေက" ဆိုပြီးပြောနေချိန် ဆောင်းဟွန်းကနှင်းဆီပန်းဆီသွားပြီးစိုက်ကြည့်နေခဲ့တယ်...။

နီခီတစ်ယောက်ဆောင်းဟွန်းကစိုက်ကြည့်နေတော့ စပ်စုချင်စိတ်များသွားပြီး

"ဟို...အကိုက နှင်းဆီပန်းကြိုက်တာလားဟင်?" ဆိုပြီးမေးလိုက်တော့‌ ဆောင်းဟွန်းကလှည့်ကြည့်လိုက်ကာ လက်မှာသွေးတွေထွက်နေခဲ့၍

"အကို?ရရဲ့လား?" ဆိုပြီးစိုးရိမ်ပူပန်စိတ်များသွားတဲ့နီခီတစ်ယောက် ဆောင်းဟွန်းလက်ကိုချက်ချင်းကိုင်လိုက်တော့တယ်...။

ဆောင်းဟွန်းလက်ကသွေးတွေကိုသူ့ပါးစပ်နဲ့စုပ်ထုတ်ပေးကာ မြိုချလိုက်တော့တာပေါ့...။

𝕥𝕙𝕠𝕣𝕟𝕪 𝕝𝕠𝕧𝕖 ✓ || Hoonki🐧🐥Where stories live. Discover now