တစ်နေ့ကျဂျပန်ကနီခီမိဘတွေကဖုန်းဆက်လာပြီးဆောင်းဟွန်းကဘေးမှာရှိနေကာ ဖုန်းကိုင်လိုက်၍ဂျပန်လိုပဲပြောတာပေါ့...။
"ဟယ်လို"
"ဟယ်လိုသားလေး အဆင်ပြေရဲ့လား?"
"ဟုတ်ကဲ့ပြေတယ်ဗျ ဒါနဲ့စာပို့လည်းရတာကို"
"စာနဲ့မှအားမရတာသားလေးရဲ့စိတ်ပူတာမှအရမ်းပဲ"
"သားအဆင်ပြေပါတယ်စိတ်မပူပါနဲ့"
ဆိုပြီးပြောနေချိန် ဆောင်းဟွန်းကလည်ပင်းကိုစုပ်နမ်းနေကာ"အားးး"
"ဘာဖြစ်တာလဲသား?"
"ဘာမှမဟုတ်ဘူးမေမေ"
"အစစအရာရာအဆင်ပြေတယ်မလား?"
"ပြေတယ်ဗျ"
"သားနွေရာသီကျောင်းပိတ်ရက်ကျရင်ပြန်လာခဲ့ဦးလေ"
"ဟုတ်ကဲ့မေမေ"
"သားအဖေကသားကိုအရမ်းလွမ်းနေတာ"
"ဟုတ်ကဲ့"
"မြန်မြန်ပြန်လာခဲ့နော်ပြန်လာရင်လည်းကြိုပြောဦး ဒါဆိုဒါပဲနော်" ဆိုပြီးဖုန်းချသွားတော့တယ်...။
နီခီတစ်ယောက်မျက်နှာမကောင်းနေကာ
"ဘာဖြစ်လို့လဲ?"
"ပြန်လာခဲ့တဲ့နွေရာသီကျောင်းပိတ်ရက်ကျရင်"
"အော် ပြန်လေ"
"ကိုယ်နဲ့ခွဲရရင်ရူးသွားမှာပေါ့"
"အဲ့လိုပြောတော့ရီခီငယ်ကိုအရမ်းအသည်းယားတာပေါ့လို့"
"အသည်းယားရင်ဘာလုပ်မှာမို့လဲ?"
"လိုက်ခဲ့" ဆိုပြီးလက်ကိုကိုင်လိုက်ကာ ကားရှိရာနေရာကိုဆွဲခေါ်သွားတာပေါ့...။
ကားထဲဝင်ထိုင်လိုက်ပြီးနီခီကိုသူ့ပေါင်ပေါ်ထိုင်ခိုင်းလိုက်၍
"ဘာလုပ်မို့လဲကိုယ်ရဲ့?"
"နမ်းမလို့လေ" ဆိုပြီးနမ်းမလို့လုပ်တုန်းရှိသေး ဂျွန်ဆောင်းကအိမ်ထဲကထွက်လာတော့ နီခီတစ်ယောက်ဆောင်းဟွန်းပေါင်ပေါ်ကပြေးဆင်းပြီး ဘေးခုံမှာထိုင်လိုက်ကာ ကားမှန်သုတ်နေသလိုလိုဘာလိုလိုလုပ်နေတာပေါ့...။
YOU ARE READING
𝕥𝕙𝕠𝕣𝕟𝕪 𝕝𝕠𝕧𝕖 ✓ || Hoonki🐧🐥
Fanfiction"ကျွန်တော်ရာဇဝတ်သားတစ်ယောက်ကိုချစ်မိသွားပြီ..."