အပိုင်း၁၆

44 2 0
                                    

ခွင့်

အပိုင်း၁၆

ပြည့်သျှင်..မန္တလေးကိုရောက်နေတာ၃ရက်ပင်ရှိနေပြီမေမေခိုင်းသည့်အလုပ်များကိုလုပ်ပေးနေရ၍ပြည့်သျှင်အတွက်နားချိန်သည်ညနေပိုင်သာဖြစ်နေတော့သည်

ချစ်ရတဲ့ညို့နှင့်ဖုန်းပြောချိန်သည်လည်ညခင်အချိန်တွင်သာဖြစ်နေတော့သည်။ပြည့်သျှင်ရဲ့ဖုန်းပြောမှုတို့ကြောင့်ညို့အိပ်ရေးပျတ်မှာကိုလည်ဆိုရိမ်းရပြန်သည်ဒါကြောင့်ချစ်ရသူရဲ့အသံလေးကိုအိပ်ပျော်ယုံနားထောင်ပြီးဖုန်းပြောခြင်းကိုအဆုံးသက်ရသည်သာ

အခုလည်ပြည့်သျှင်မင်္ဂလာဆောင်တစ်ခုကိုရောက်နေရပြန်သည်။မေမေမိတ်ဆွေသားရဲ့မင်္ဂလာပွဲပင်သတိုးသားကသာမာန်ရုပ်ရည်သာရှိပြီးသတိုးသမီးကတော့ကြွေရုပ်လေးချထားသည့်နှယ်လှပလွန်းလှသည်....

ပြည့်သျှင်မှမှုမင်္ဂလာပွဲလာပြီးကြောင်တောင်တောင်ဖြစ်နေရသည်။ဒါကြောင့်မင်္ဂလာဆောင်ကကျွေးသည့်မုန်းများစားပြီးအိမ်ပြန်ရန်သာစိတ်လောနေမိသည်...

ဟဲ့...သတိုးသမီးလေးကလှလိုက်တာဟယ်ကြည့်ပါအုန်းကြွေရုပ်လေးကြနေတာဘဲနာမည်လေးကလည်လှတာဘဲမြကျေးချိုတဲ့...

ဟုက်ပါ့ဟယ်သူ့များသားသမီးတွေများချောရက်လှရက်လိုက်ကြတာဘဲ.ဒါနဲ့သူကတခြားသတိုးသမီးတွေလိုသဇင်ပန်းကိုမသုံးဘူးနော်သစ်ခွတွေလည်မပန်းဘူးသူပန်ထားတာသနပ်ခါးပန်းတွေနောက်ပြီးသူ့မင်္ဂလာဆောင်တခုလုံးသုံးထားတာမှန်သမျှသနပ်ခါးပန်းတွေကြီဘဲနော်

အင်း..ဟုက်တယ်
ငါကြားထားတဲ့သတင်းကမှန်ရဲ့လားတော့မသိဘူး
သူ့ကအရင်ကလက်ထပ်ဖို့ရည်ရွယ်ထားသူရှိခဲ့ဘူးတယ်တဲ့အဲ့ဒီကောင်လေးကသနပ်ခါးပန်းကိုအရမ်းကြိုက်တာတဲ့ဧကန်ဏသတိုးသမီးလေးကသူ့ရည်စားကိုမမေ့သေးဘူးထင်တယ်...

ပြည့်သျှင်နားထဲမှာကြားနေရသည့်အသံတွေကြောင့်ဘာမဆိုင်ညာမဆိုင်ညို့ကိုတောင်သတိရသွားသည်။ညို့သည်လည်သနပ်ခါးပန်းလေးတွေက်ိုအလွန်ချစ်မြတ်နိုးသူသာဖြစ်သည်မို့....

ပြည့်သျှင်..ညို့ကိုသတိရနေတုန်းပြည့်သျှင်အနားကိုလူတစ်ယောက်ရောက်လာသည်မို့ပြည့်သျှင်ကြည့်လိုက်သည်။ဟာ..ကမ္ဘာကျော်..ပြည့်သျှင်ဝမ်းသာသွားရသည်

ခွင့်Where stories live. Discover now