အပိုင်း၃၀

40 4 0
                                    

ခွင့်

အပိုင်း၃၀

ဧက..မှော်ထဲကိုရောက်နေတာတော်တော်ကြာပြီဖြစ်သည်။ဧကမှော်ထဲကိုမလာခင်ကအကိုကမ္ဘာဆီဖုန်းခေါ်ခဲ့သေးသည်။

ဧက..အကိုကမ္ဘာကိုချစ်ပေမဲ့သူ့မိဘကိုယ့်မိဘတွေမကြည်ဖြူရင်သူ့နှလုံးသားကွဲချင်ကွဲပါစေဧကနောက်ဆုတ်ပေးနိုင်ပါသည်

အချစ်ခရီးလမ်းမှာနှစ်ဦးနှစ်ဖက်ကြည်ဖြူဖို့ထက်နှစ်ဖက်အသိုင်းဝိုင်းကကြည်ဖြူတော့ပိုပြီးကျတ်သရေရှိတာပေါ့ပိုပြီးလည်အဓိပ္ပယ်ပြည့်စုံစေတယ်လေ

ဧက..အကိုဆီဖုန်းခေါ်ရခြင်းမှာနှစ်ဦးလုံးအမုန်းနဲ့မခွဲဘဲအပြုံးနဲ့သာနောက်ဆုတ်ကြဖို့တောင်ဆိုချင်၍ဖြစ်သည်။ဒါမှအကို့အမေလည်စိတ်ချမ်းသားရမှာမို့ပါ..

နောက်ပြီးကိုကြီးညို့ကိုလည်ဧကနဲ့အကိုကမ္ဘာကြားထဲမှာစိတ်ညစ်မနေရအောင်ဧကဆုံးဖြတ်ရခြင်းဖြစ်သည်

ဧကတို့ရဲ့အချစ်ခရီးလမ်းသည်။ဒီလိုအစမဖြောင့်ဖြူးရင်နောက်လည်ဖြောင့်ဖြူးနိုင်မည်မဟုက်ပါဧကစိတ်ထဲမှာတော့ကိုယ်စိတ်ချမ်းသာဖို့ထက်ကိုယ့်အသိုင်းဝိုင်းနဲ့အကိုကမ္ဘာအသိုင်းဝိုင်စိတ်ချမ်းသာဖို့သာဦးစားပေးခြင်းဖြစ်သည်..

ပျော်ရဲ့လားဆိုတော့ဧကမပျော်ရွှင်ပါချစ်ရတဲ့သူကိုစွန့်လွတ်တယ်ဆိုတာပြောတော့သာလွယ်တာပါတကယ်လက်တွေ့မှာတော့ကိုယ့်ရင်ထဲကနှလုံးသားတစ်ခုလုံးကိုဆွဲယူသွားသလိုခံစားရသည်သာ..

မလွမ်းဘူးလားလို့တော့လာမမေးနဲ့နော်နှားဖျားမှာဝင်လေထွက်လေရူတိုင်းနှလုံးသားကတဒိတ်ဒိတ်နဲ့ခုန်တိုင်းလွမ်းပါသည်။သူ့အတွက်အကိုကမ္ဘာကအချစ်ဦးဖြစ်သလိုအချစ်ဆုံးလည်ဖြစ်ခဲ့သည်..

အသက်၁၈နှစ်ပြည့်ပြီးလို့၁၉နှစ်သာရှိသေးတဲ့သူလို့လူငယ်တစ်ယောက်ကနောက်ထပ်ချစ်သူရနိုင်ချေများပေမဲ့သူ့နှလုံးသားတစ်ခုလုံးပုံအောပြီးချစ်နိုင်မဲ့သူတော့မရနိုင်တော့ပါဘူး

အချစ်ဆိုတာသူများတွေအတွက်ဘယ်လိုရှင်းချတ်ထုတ်ကြတယ်မသိပေမဲ့ဧကအတွက်ကတော့အချစ်ဆိုတာနှစ်လုံးသားချင်းနီနေမှရင်ဘက်ချင်းနီနေမှမဟုက်သလိုတနေ့မတွေ့ရရင်တနေ့မနေနိုင်တာမျိုးလည်မဟုက်ခဲ့ပါ

ခွင့်Where stories live. Discover now