အပိုင်း၂၃

40 3 0
                                    

ခွင့်

အပိုင်း၂၃

ညို့....ဒီကိုပြန်ရောက်တာ၂လပြည့်တော့မည်ဧကတို့ညီအကိုနှစ်ယောက်လည်မှော်ထဲနဲ့အင်းတော်ကိုသွားချည်လာလှည့်လုပ်ကြသည်။ကမ္ဘာကလည်တလတခါမန္တလေးမှအင်းတော်ကိုလာနေခဲ့သည်။သားသားနဲ့ဥသျှောင်းလေးတို့လည်ကျောင်းတွေပြန်ဖွင့်တော့မှာမို့ဥသျှောင်းကသားသားကိုစာပြပေးနေပြီဖြစ်သည်..ပြည့်သျှင်ကညို့ကိုကျောင်းဆရာအလုပ်မှနားခိုင်းပြီးအိမ်မှာဘဲစာမသင်နိုင်တဲ့ကလေးတွေကိုစာသင်စေခဲ့သည်....

ညို့ရဲ့ကျမ်းမာရေးလည်အတော်သင့်ကိုပြန်ကောင်းနေပြီမို့အရာအားလုံးကိုမမှတ်မိပေမဲ့တချို့အရာတွေကိုတော့ပြန်ပြီးမှတ်မိနေခဲ့ပြီဖြစ်သည်။ညို့အတွက်ပြည့်သျှင်ကလက်တွဲဖော်ကောင်းတစ်ယောက်အပြင်ညီအကိုကောင်းတစ်ယောက်လိုပါအားကိုးယုံကြည်ရသည်မို့ညို့အတွက်ကံကောင်းဆုံးဆုလက်ပင်ဖြစ်နေတော့သည်

အခုလည်...ပြည့်သျှင်ကညို့ကိုဒီလိုတောမကျမြို့မကျနေရာမှာမနေစေဘဲမန္တလေးလိုနေရာမှာနေပြီးညို့အတွက်ခြံကျယ်ကြီးဝယ်ပြီးပိုက်ဆံမတတ်နိုင်တဲ့ကလေးတွေကိုစာသင်ပေးပြီးသားသားတို့နဲ့သာအချိန်ကုန်ဖို့ပြောလာသည်...

ညို့ကတော့မန္တလေးမှာမနေချင်တဲ့အတွက်ဒီလိုအေးချမ်းပြီးသာယာတဲ့နေရာလေးမှာဘဲအတူနေချင်ကြောင်းကိုသာပြောခဲ့သည်။ဒါကြောင့်ပြည့်သျှင်ကခြံရဲ့ဘေးကခြံနှစ်ခြံကိုစျေးကြီးပေးဝယ်ပြီးအဲ့ဒီခြံထဲမှာဘဲတိုက်ကြီးထပ်ဆောက်ပြီးကစားကွင်းတွေပန်းဥယဥ်ငယ်တွေရေတံခွန်အတုလေးတွေနဲ့စမ်းချောင်းအတုလေးတွေကိုပါဆောက်စေပြီးရွာထဲက..ကလေးငယ်တွေကိုစာသင်စေခဲ့သည်။.....

ပြည့်သျှင်ရဲ့စိတ်ကူးတွေအားလုံးကိုလည်လိုက်ပြီးလုပ်ပေးတဲ့ညီကရှိနေပြန်သည်မို့ပြည့်သျှင်ရဲ့စိတ်ကူးတွေသည်အချိန်မကြာဘဲခဏအတွင်းရုပ်လုံးပေါ်လာခဲ့သည်ပင်

ညီနဲ့ပြည့်သျှင်ကစိတ်တူကိုတူသူငယ်ချင်းများသာဖြစ်ကြသည်မို့ဘာကိစ္စမဆိုအချိန်မဆိုင်ဘဲအကောင်ထည်ဖော်ကြပြန်သည်။ကမ္ဘာကျော်နှင့်ပြည့်သျှင်ကအရမ်းကိုတွဲမိလွန်းသည်အဲ့ဒါကြောင့်လည်ခဏအတွင်းအခုလိုကြီးကျယ်ခမ်းနားလွန်းသည့်တိုက်ကြီးနှင့်လှပလွန်းတဲ့ခြံကြီးကိုမကြားတဲ့အချိန်တွင်ရခဲ့တာပင်.....

ခွင့်Where stories live. Discover now