အပိုင်း၂၈

31 5 0
                                    

ခွင့်

အပိုင်း၂၈

ကမ္ဘာ....ချစ်ရသူနဲ့ခွဲနေရတာအခုဆ်ိုရင်တလပြည့်တော့မည်ကမ္ဘာနဲ့ဧကတို့အရင်ညတွေကcvပြောဖြစ်ကြသေးသည်အခုတော့ကမ္ဘာကထိုင်းနိုင်ငံကိုအလုပ်ကိစ္စနဲ့ရောက်နေတာရောအလုပ်ကမအားတာရောကြောင့်ဧကနဲ့တောင်ဖုန်းမပြောဖြစ်ကြပါ....

ဒီနေ့တော့အလုပ်ကိစ္စလည်ပြီးကာလုပ်ငန်းလည်အောင်မြင်သွားပြီမို့ချက်ခြင်းဘဲ.မြန်မာနိုင်ငံကိုပြန်လာခဲ့လိုက်သည်။အရင်ဆုံးကလေးငယ်ကိုတွေ့ချင်တာကြောင့်မန္တလေးဖလိုက်နဲ့မပြန်တော့ဘဲမြစ်ကြီးနာထိလက်မှတ်ဖြတ်ကာချစ်ရတဲ့ကလေးငယ်ကိုလာတွေ့ခြင်းသာဖြစ်သည်...

ကမ္ဘာ..မြစ်ကြီးနားလေဆိပ်ကိုရောက်တော့နေ့လည်၁၁နာရီခွဲဘဲရှိသေးတာကြောင့်ချစ်သူထံသွားမည်ဆိုမှီနိုင်သေးသည်။ဒါကြောင့်ချစ်သူထံဖုန်းခေါ်ရန်ဖုန်းဆင်းကတ်ကိုလဲထည့်လိုက်သည်။ကမ္ဘာဖုန်းဆင်းကတ်ကထိုင်းနိုင်ငံမှာနေတဲ့အတောတွင်းကတ်ထုတ်ထားခဲ့သည်မို့အခုမှထည့်ရခြင်းဖြစ်သည်

ဖုန်းဆင်းကတ်ထည့်ပြီးချစ်သူထံဖုန်းခေါ်မလို့ကြည့်လိုက်တော့ချစ်ရတဲ့သူကဖုန်းခေါ်ထားသည်မှာအခါ၁၀၀ပင်ကျော်လွန်နေသည်မို့ကမ္ဘာချစ်ရသူကိုစိတ်ပူသွားမိသည်။ဒါကြောင့်ဘဲချစ်ရတဲ့ဧကဆီဖုန်းအမြန်ပြန်ခေါ်လိုက်သည်။

ကမ္ဘာ...ချစ်ရတဲ့သူဆီဖုန်းခေါ်နေပေမဲ့ဖုန်းကိုင်မည့်သူကမရှိတာကြောင့်စိတ်အစဥ်ကဆိုးထိတ်ကာလန့်နေရပြီဖြစ်သည်။ဒါကြောင့်ဘဲကိုကြီးရဲ့ဖုန်းကိုပြောင်းခေါ်လိုက်သည်။

ကိုကြီးရဲ့ဖုန်းကိုခေါ်နေတာ၃ကြိမ်းလောက်မှကိုင်းတဲ့သူရောက်လာသည်။ကမ္ဘာကိုကြီးကိုအလောတကြီးမေးမိသည်။သူ့စိတ်တွေလေးလံပြီးဆိုးထိတ်နေသည်ကြောင့်ချစ်ရသူကိုမေးမိလိုက်ခြင်းသာဖြစ်သည်..

ကိုကြီး...
ကျွန်တော်ကမ္ဘာပါ
ကျွန်တော်..ဧကဆီဖုန်းခေါ်နေတာမကိုင်လို့အဲ့ဒါကိုကြီးဆီများရောက်နေမလားလို့လှမ်းမေးတာကိုကြီးတို့ရောနေကောင်းကြတယ်မို့လားဟင်ဧကရောနေကောင်းတယ်မို့လား...

ခွင့်Where stories live. Discover now