အပိုင်း၁၄

43 2 0
                                    

ခွင့်

အပိုင်း၁၄

ညို့ရဲ့တောင်ဆိုမှုတိုကြောင့်ပြည့်သျှင်ညို့ကိုယုံကြည်မှုအပြည့်ပေးထားသည်။အခုလည်မင်းမြတ်တို့ညီအကိုနှင့်ညို့ကမီဖိုးခန်းတွင်ဘာတွေချတ်ပြုတ်နေကြသည်မသိပါပြည့်သျှင်အတွက်သဝန်တိုမှုများနှင့်ဘယ်လိုမှနေလို့ရပါမေပဲ့ညို့ကိုတော့စိတ်မညစ်စေချင်ပါ...

ပြည့်သျှင်..စိုးမိုးနှင့်ဖုန်းပြောပြီးညို့ရှိရာမီးဖိုခန်းထဲဝင်လာလိုက်သည်။မင်းမြတ်ကပြည့်သျှင်ကိုတချတ်ကြည့်ပြီးညို့ရဲ့အနားမှာကူညီပေးနေသည်...

ဧက..ကပြည့်သျှင်အနားကိုလာပြီး

ကိုကြီးပြည့်သျှင်
ဗိုက်ဆာနေပြီလားဟင်ကိုကြီးကချတ်လို့ပြီးတော့မှာပါဗျဒီနေ့ကိုကြီးမွေးနေ့မို့ညီတို့ကကိုကြီးဆီကိုအလည်လာခဲ့တာပါကိုကြီးပြည့်သျှင်စိတ်ထဲမထားဖို့ညီကဘဲတောင်ဆိုပါတယ်နော်...

လာ...ကိုကြီးပြည့်သျှင်
ညီ..ကိုကြီးကိုထမင်းပွဲပြင်ဖို့ကူပေးလိုက်အုန်းမယ်ခဏနော်..ဧက..ကပြောလည်ပြောပြည့်သျှင်ကိုလည်စားပွဲမှာထိုင်စေ၏....

ပြည့်သျှင်အတွက်ညို့နှင့်မင်းမြတ်တို့ညီအကိုတွေဟာပဟေဠိတွေသာဖြစ်နေခဲ့သည်။ညို့ကတကယ်ဘဲမင်းမြတ်တို့ကိုညီငယ်တွေလိုဘဲသံယောဇဥ်ထားခဲ့သည်လားဒါမှမဟုက်....

မင်းမြတ်တို့ညီအကိုနှစ်ယောက်ကရောညို့အပေါ်တကယ်ဘဲအကိုတစ်ယောက်လို့ရိုးသားကြရဲ့လားဧကကိုတော့ပြည့်သျှင်စိတ်ထဲယုံကြည်ပေးလို့ရနိုင်သည်ဧကသည်အခုမှ၁၈နှစ်သာရှိသေးသည်ဒါဆိုမင်းမြတ်ကရောမင်းမြတ်ကပြည့်သျှင်နှင့်အသက်သိပ်မကွာပေ

ဒီနေ့ကညို့အတွက်အသက်၂၆နှစ်ပြည့်မွေးနေ့ပင်ဖြစ်သည်။သူကညို့ရဲ့မွေးနေ့ကိုသိနေခြင်းသည်အကြောင်းမဟုက်ညို့ရဲ့အိမ်ထောင်းဘက်တစ်ဦးအနေနှင့်သိထားရမည်သာဖြစ်သည်....

ဒါဆိုမင်းမြတ်တို့ကရောဘာလို့ညို့ရဲ့မွေးနေ့ကိုသိနေရသည်နည်းပြည့်သျှင်အတွက်အဖြေမရသည့်ပုတ္ဆာလိုပင်ဘယ်လိုမှတွေးလို့မရပေ..သူ့ရဲ့သဝန်တိုမှုတွေကိုဖော်ထုတ်ပြန်ရင်လည်ညို့ရဲ့စိတ်တွေမွန်းကြပ်ရပေမည်

ခွင့်Where stories live. Discover now