❝ ပျောက်သွားတဲ့ ပစ္စည်းတွေကတော့ မင်းဆီက အမြဲပုန်းနေကြမှာပဲ။
မင်းက ရှာမတွေ့ခဲ့တာလေ။ ❞
တစ်ယောက်ယောက်ရဲ့ စိတ်အားထက်သန်မှုတွေအကြောင်း မေးခွန်းထုတ်ဖူးလား?
ကမ္ဘာကြီးကတော့ အမြဲ ဒီလိုပဲ လည်ပတ်နေလောက်မှာဆိုပေမဲ့ နေ့တစ်နေ့ရဲ့ ၂၄ နာရီကို ကောင်းကောင်းမွန်မွန်ကုန်ဆုံးချင်ဖို့အတွက် မျှော်လင့်ချက်တွေက ဘယ်လိုမျိုးပေါက်ဖွားလာတတ်တာတဲ့လဲ။ မနက်ဖြန်တွေကွာခြားဖို့က နှေးကွေးလွန်းနေတာပေမဲ့ ခဲဆွဲသလိုခံစားချက်ကြီးကို သည်းခံရလောက်ဖို့ ဘယ်အရာက ဆွဲကိုင်ထားတာလဲ။
အသက်ရှင်ဖို့လား။ ဒီအတိုင်းလည်း အသက်ရှင်နေကြတယ်မလား။
နေ့တိုင်းလည်းပဲ တူညီနေတဲ့ အိမ်ပြန်လမ်းတွေ။
ငါနေ့တိုင်း ထိုင်နေရတဲ့ ကျောင်းစားပွဲခုံ။
မပြောင်းလဲသွားတဲ့ အချိန်လည်ပတ်မှု။
ဒုတိယထပ် ပြတင်းပေါက်က တူညီတဲ့မြင်ကွင်း။
ကွဲပြားမနေတဲ့ Playlist။
နွေဦးနဲ့ ဆောင်းဦး။
ဘယ်နေရာက စလျှောက်လျှောက် တစ်ပတ်ပြန်လည်တတ်ခြင်းတွေက ငြီးငွေ့စရာကောင်းနေတာပဲ။
ထပ်တူကျတွေလည်ပတ်တာများလာတဲ့အခါ ဘယ်အရာက ဖြစ်ခဲ့လဲ၊ ဘယ်အရာက အသစ်လဲဆိုတာ ဝေဝါးရမှုမျိုးနဲ့။
ပျင်းစရာကောင်းတယ်။
ခေါင်းထဲခဏခဏရေရွတ်နေမိပေမဲ့ ထုတ်ပြောမိတာတော့မဟုတ်ဘူး။ ဒါပေမဲ့ မကျေနပ်တဲ့ငါက ဒီအတိုင်းပဲရှင်သန်နေခဲ့တယ်။
မျှော်လင့်ဖို့မဟုတ်ဘူး။ အသက်ရှင်ဖို့လည်းမဟုတ်လောက်ဘူး။ ငါက အချိန်တန်ရင် ဒီအတိုင်းပဲ သေဆုံးသွားချင်ခဲ့တာ။
သူများတွေနဲ့အတူ ရှေ့ဆက်သွားဖို့ ဆန္ဒမရှိဘူး။ ငါလျှောက်ရမဲ့လမ်းဆိုတာလည်း မရှိနေဘူး။ ပြောရရင် ဒီအတိုင်းရပ်နေခဲ့တာ။
အဲ့တာကြောင့် ငါက ဒီအတိုင်းပဲ သေဆုံးသွားလောက်မဲ့သူ။
" စာမျက်နှာ ၈၁ ကိုကြည့်။ ရသဆောင်းပါးတွေအကြောင်း ဆွေးနွေးကြမယ်။ "
![](https://img.wattpad.com/cover/363380514-288-k639645.jpg)
ESTÁS LEYENDO
Lost Summer | blue hour trilogy: Faith |
Fanfic"တောအုပ်ထဲကို ဝင်သွားတဲ့ကောင်လေးကဘာဖြစ်သွားတယ်တဲ့လဲ?" "သူ ပျောက်ဆုံးသွားတယ်လေ"