တောအုပ်ထဲမှာ ပျောက်ဆုံးသွားတဲ့ကျောင်းသားက ဘယ်ကိုရောက်သွားမယ်လို့တွေးကြသလဲ။
နောက်ထပ်ကမ္ဘာတစ်ခုကိုလား။
အဆုံးမရှိတဲ့ အနတ္တအထိလား၊
ဒီအတိုင်းပဲ ကမ္ဘာပေါ်က ပျောက်ဆုံးသွားတာလား။
ဒါမှမဟုတ် သေဆုံးသွားခဲ့ပြီလား။သူ့အကြောင်းကို ဘယ်သူတွေက မှတ်မိနေခဲ့ကြဦးမလဲ။ သူချန်ခဲ့တဲ့ခြေရာတွေက ဘယ်လောက်ထိ ထင်ကျန်နိုင်သေးလဲ။ လူတွေရဲ့ အမှတ်တမဲ့ ထည့်ပြောစရာစကားဝိုင်းမှာ အဲ့ဒီကျောင်းသားရဲ့ ဝိညာဉ်ရှိနေဦးမလား။
ဒါမှမဟုတ် ဆန့်ကျင်ဘက်တွေးရရင် သူကိုယ်တိုင်ကပဲ ပြန်မလာချင်ခဲ့တော့တာလား။
အဖြေကိုဘယ်သူမှ ရှာဖွေနေကြတာမဟုတ်ပေမဲ့ မေးခွန်းတွေကတော့ စိတ်ရှိတိုင်းပေါ်ပေါက်လာတတ်ကြတာပဲ။ လူတွေက အတွေးများရတာကြိုက်တဲ့သက်ရှိတွေရယ်။
ချွဲဘောမ်ကယူက သူ့ရဲ့သိချင်စိတ်ကိုတော့ နှိုးဆွပေးခဲ့တယ်။
ငေးကြည့်နေကျ တောအုပ်လမ်းထဲကို သူအမြဲရောက်နေဖြစ်ခဲ့တယ်။ နည်းနည်းလောက်ထူးဆန်းနေတဲ့ ခံစားချက်ကို သဘောကျသလိုဖြစ်နေတာကြောင့်လည်း ပါလိမ့်မယ်။ မဟုတ်ရင်တောင် ပုံသေကားကျဆိုတဲ့ သူ့ရဲ့နေ့စဉ်ဘဝကို ရိုးအီနေတာမလို့လည်းဖြစ်နိုင်တယ်။
ပြီးတော့ စာကြည့်တိုက်ဘက်ကိုလည်းသူသွားဖြစ်လာတယ်။ စာဖတ်တတ်တဲ့သူမဟုတ်ပေမဲ့ စာကြည့်တိုက်မှာ ဘာစာအုပ်တွေရှိနေသလဲတော့ အလွတ်ရခါနီးလောက်ပဲ။
ချွဲဘောမ်ကယူနဲ့ သူကရင်းနှီးနေတာလားဆိုတော့ မဟုတ်ပြန်ဘူး။ ကောင်လေးက ဒီထက်ပိုပြီး ရှေ့တိုးလာတာမဟုတ်သလို နောက်ဆုတ်သွားတာလည်းမဟုတ်ဘူး။ အစကတည်းက သူ့နေရာမှာသူရပ်နေခဲ့ရုံပဲ။
စစချင်း တွေ့ဆုံမှုက ဒီလို ဒီအတိုင်းပါပဲလို့ မျောချလိုက်လို့ရမဲ့ အသိအမှတ်ပြုမှုလောက်လေးပဲ။
ဒါပေမဲ့ သူဘက်က လိုက်ရှာမိရတယ်။တောအုပ်ကိုသွားတိုင်းမှာ ကောင်လေးကရှိနေတတ်တာလည်းမဟုတ်ဘူး။
တစ်ခါတစ်လေလည်း သူတစ်ယောက်တည်း။
တစ်ခါတစ်လေကျ ကောင်လေးက ရောက်လာတတ်တယ်။

ESTÁS LEYENDO
Lost Summer | blue hour trilogy: Faith |
Fanfic"တောအုပ်ထဲကို ဝင်သွားတဲ့ကောင်လေးကဘာဖြစ်သွားတယ်တဲ့လဲ?" "သူ ပျောက်ဆုံးသွားတယ်လေ"