ep 2

294 10 2
                                    

*ဗေဒါကေတီ"

"မမလေး ကုမ္ပဏီရောက်ပြီဗျ"

ဒေါ်ကေတီ အတိတ်အတွေးထဲမှာပိတ်မိနေဆဲ

"မမလေး "

"ရှင်..အော်ရောက်ပြီပဲ"

အနောက်ကကားခါးဖွင့်ပေးဖို့ပြင်နေတဲ့ဦးမြကိုတားလိုက်ကာ

"ရတယ်ဦးမြ ကေတီပဲဖွင့်လိုက်တော့မယ် အိမ်ကိုသာဂရုစိုက်ပြန် "

နူးညံ့ သောခြေလှမ်း တို့ နဲ့ကုမ္ပဏီထဲသို့၀င်သွားလေသည်။
သူမရောက်သည်နှင့် ၀န်ထမ်းတို့ဟာ လုပ်လိုက်စ အလုပ်ကိုရပ်၍ တန်းစီပြီး ကိုယ်ကိုကုန်းတာခေါင်းငုံ့ထားကြလေသည်။
ဒေါ်ကေတီကတော့ ကျော့ကျော့မော့မော့လျှောက်လှမ်းကာ သူမ အလုပ်အခန်းသို့ဦးတည်၀င်ရောက်သွားသည်။
စစ်ရမဲ့စာရင်းကိုသာ အာရုံစိုက်၍စစ်နေတော့သည်။

"ဒေါက် ဒေါက်"

"၀င်ခဲ့ပါ"

မြရင်မွန်ရောက်လာကာ

"မမလေး ကော်ဖီသောက်မလား "

ဒေါ်ကေတီ စစ်လိုက်စ စာရင်းစာအုပ်ကို ပိတ်လိုက်ပြီး။

"မသောက်တော့ဘူး ခနနေပြန် တော့မှာ"

"ဟုတ် မမလေး"

"အွန်း"

အွန်းတစ်ခွန်းထဲပြောပြီး စာရင်းကိုပြန်စစ်နေသော ဒေါ်ကေတီကိုကြည့်၍ မွန့်နှလုံးခုန်သံဟာပုံမှန်ထပ် မြန်နေတော့သည်။ တကယ့်ကို မာမီtypeကြီးလေ ဒေါ်ကေတီက အားကိုးချင်စရာကောင်းသည် ထို့ကြောင့် မွန်ဒယ်ဒီ့ ကုမ္ပဏီမှာ အလုပ်မလုပ်ပဲ ဒေါ်ကေတီ့ စီကိုသာလုပ်ကိုင်နေခြင်းဖြစ်သည်။

" မွန် ညီမလေး မြရင်မွန်!"

ဒေါ်ကေတီ ခိုင်းစရာရှိလို့  မွန့်ကို မော့ကြည့်လိုက်တော့ သူမကိုငေးနေပြီး အသက်ရောရှူကောရှူရဲ့လားမသိ ဒေါ်ကေတီနေရခက်သဖြင့် နာမည်သာခေါ်လိုက်တော့သည် ဒါကို ထိုကလေးမလေးက မကြား။

"ရှင်...မမလေး"

"မရှင်နဲ့ ရော့ဒီမှာ စာရင်း ကြည်သာ့ ကိုပေးလိုက်"

ကြည်သာဆိုသည်မှာ မန်နေဂျာတစ်ယောက်ဖြစ်သည် ။ကြည်သာကိုမွန်အမြင်ကတ်ပါသည် မွန့်ကိုတွေ့ရင် ကြည်သာ က တအားစပြီး အကြည့်တွေကမရိုးသားသောကြောင့်ဖြစ်သည်။

အကြင်နာသူမWhere stories live. Discover now