ep 9

126 8 1
                                    

"မမလေး ကလရိပ်လေးကိုသွားကြိုတာပါရှင့်"

"အော်အဲ့ဆို ကျွန်တော်ပြန်ပြီ ရှင်းသန့်ပြန်လာရင်ကျွန်တော်လာလည်ကြောင်းပြောပေးပါဦး"

"ဟုတ်ကဲ့ပါရှင့်"

"ဟူး"

ဒီနေ့ကတကယ့်ကိုကံမကောင်းတဲ့နေ့ပဲ။စိတ်ညစ်လို့ရင်ဖွင့်ဖို့ရာလာပါတယ်ဆိုရှင်းသန့်တစ်ယောက်မရှိပြန်။အခုလဲကြည့်လမ်းတွေကိုရှုပ်လို့ ဆေးခန်းကသွားထိုင်ရဦးမယ်လေ။

"ဒုန်း"

"ဟာ တောက်! ကားကိုဘယ်လိုမောင်းနေလဲကိုမသိဘူး အမူးသမားတွေပဲနေမှာ "

မျိုးသန့်တစ်ယောက်စိတ်တိုစွာကားပေါ်ကဆင်းလိုက်သည်။

"ဒီမှာဗျ "

"ဒေါက် ဒေါက်"

လာတိုက်တဲ့ကားရှင်ကထွက်မလာတော့မျိုးသန့် စိတ်တိုစွာကားမှန်ကိုခေါက်လိုက်သည်။ထိုမှ

"ဒီမှာရော့ ရော်ကြေး"

"ဘာဗျလူကြည့်တော့လူကောင်းလူသန့်ရုပ်နဲ့ လူမှုရေးခေါင်းပါးလှချီလား ကျွန်တော့်နာမည် မျိုးသန့်ကိုကို သတ္တိရှိရင်ပြန်တောင်းပန်"

"ဘာကွ မင်းတို့လိုချင်တာပိုက်ဆံမလား"

"ခင်ဗျားတောင်းပန်ရမယ်လေခင်ဗျားကားကကျုပ်ကားကို၀င်တိုက်တာ"

"ငါ့bossကဦးကျော်စွာအောင် ရော့ငါ့bossကုမ္ပဏီရဲ့လိပ်စာကပ်ရော်ကြေးလိုချင်ရင်ဘယ်အချိန်မဆိုလာလို့ရတယ် အခုငါ့တို့အချိန်တွေမင်းအတွက်ဖဲ့မပေးနိုင်ဘူး ဟေ့ကောင်မောင်းတော့"

"တောက်! ဘယ်လိုဟာမျိုးတွေလဲ"

ကားမှန်ကိုပြန်တင်ချိန်သူ့ကိုကြည့်သွားပြီးရီသွားတဲ့ နောက်ကဘဲကြီးကိုလဲကြည့်မရ မသိရင်ဘယ် ဂိုဏ်းကလူဆိုးလိုလို။

"စိတ်ညစ်ပါတယ်ဆိုကွာ"

ကားတိုက်မိသည်ဆိုပေမဲ့ ရှေ့မီးကွဲသွားရုံသာကွဲသွားတာပါ အချိန်မှီဘရိတ်အုပ်လိုက်တာကြောင့်လဲဖြစ်မည်။ ဒီမီးအတွက်နဲ့တော့လျော်ကြေးတောင်းမဲ့ထဲ မျိုးသန့်မပါ ပါ။ အခုဟာကလူမှုရေးခေါင်းပါးနေလို့ဖြစ်ရတာ။

အကြင်နာသူမWhere stories live. Discover now