ep8

126 5 0
                                    

ရက်တွေကြာလာသည်နှင့်အမျှ မွန်နဲ့ကြည့်ရဲ့ အခြေအနေကလဲတိုးတက်လာခဲ့သည်။ ဒေါ်လေး ကလဲ ဆေးကုသခံယူနေတာမို့ အရင်ကလောက်မဆိုး၀ါးတော့ချေ။ စိတ်ချမ်းသာအောင်တော့ထားရသေးသည်လေ။ ရက်တွေဘယ်လောက်ကြာသွားလဲမသိ နွေရာသီသို့နောက်တစ်ဖန်ရောက်လာလေပြီ။

ဒီနေ့တစ်အိမ်လုံးဆူညံ့နေတာအမှန် အကြောင်းကတော့ တစ်အိမ်လုံးရဲ့အချစ်တော်လေး အဆောင်ကပြန်လာတော့မှာမို့လို့ဖြစ်တယ်။

"ဦးမြ သွားရအောင် တော်ကြာ ကလေးငယ် စောင့်နေရလိမ့်မယ်"

"ဟုတ်ကဲ့ မမလေး"

အချိန်တွေကြာလာသော်လည်း ငယ်အသက်ရှင်နေတယ်ဆိုတဲ့အကြောင်းက စိတ်ထဲကနေမရှင်းထုတ်နိုင်ပါ။ မျက်မြင်ကိုယ်တွေ့ တွေ့ရမှသာ ဒေါ်ကေတီ တစ်ယောက်ယုံမည်လေ။

"စိန်ပန်းပြာတွေကလှလိုက်တာ ဦးမြရယ်"

မေမြို့သွားရာလမ်းတစ်လျှောက် စိန်ပန်းပြာတွေဟာသစ်ပင်နဲ့သစ်ပင်အပြိုင်အဆိုင်ပွင့်နေရှာရဲ့။ဒီနေရာမှာကံ့ကော်တွေဆိုရင်ရောလှနေပါ့မလား။
သေချာပေါက်လှနေမှာပေါ့ သေချာပေါက်ပဲလေ။

"လရိပ်သွားတုန်းကလဲ ဒီလိုပြောတာပဲမမလေး အိမ်မှာစိန်ပန်းပြာစိုက်ချင်လို့တဲ့"

"ဒါမဲ့...."

"မမလေးက ကံ့ကော်ပင်ကိုမကြိုက်ပါဘူး စွဲလမ်းနေတာ"

"ဘယ်လိုဦးမြ ကေတီကြိုက်တာပေါ့ကေတီ့အကြိုက်ဆုံးပန်းလေ"

"ဒါတော့ မမလေးအသိဆုံးနေမှာပါ မမလေးညှို့ငယ်သဘောကျသမျှ မမလေးကလိုက်သဘောကျတာပါ ဒါလဲစွဲလမ်းချင်းတစ်မျိုးပဲလို့ဦးမြထင်တယ်"

ဒီစကားကိုဒေါ်ကေတီလက်မခံနိုင်ပါ ။

"ဒါနဲ့စိန်ပန်းနီတွေက စိန်ပန်းပြာနောက်မှပွင့်ကြတာနော် ကေတီသတိထားမိတယ်"

"ဟုတ်တယ်မမလေး"

တစ်လမ်းလုံး ဦးမြစကားကို ဒေါ်ကေတီ အဖြေထုတ်နေလေသည်။

"ဟင့်အင် ငယ့်ကိုပဲချစ်တာ ကံ့ကော်ကိုပဲ သဘောကျတာ"

ဦးနှောက်နဲ့ နှလုံးသားဟာအဖြေ တစ်ခုစီထွက်နေလေသည်။
ဦးနှောက်က မချစ်တော့ဘူးတဲ့ အပစ်ရှိလို့ ချစ်တယ်လို့ပဲ ခံစားနေရတာပါတဲ့ နှလုံးသားကတော့ ကလေးငယ်အပေါ်ခံစားချက်ရှိနေခဲ့တာတဲ့။

အကြင်နာသူမWhere stories live. Discover now