ep 4

227 9 0
                                    


မေကြီးနဲ့စကားပြောနေသောထိုလူကိုကြည့်လိုက်မိတော့
"ရှင်...."

" အန်တီ မုန့်ဟင်းခါး သွားလှယ်လိုက်ဦးမယ် ဧည့်ခန်းထဲမှာစောင့်နေနော် သမီးလေးလေးရှိတယ် ငု၀ါရယ် ဒီကလေးအတွက် ရွှေရင်အေးလေး လုပ်စမ်းပါဦး"

ထိုသို့ပြောကာ မီးဖိုချောင်ထင်ရသောအခန်းလေးတစ်ခုစီသို့၀င်သွားလေသည်။
"မွန် ဒါဆို ဒါမွန့်အိမ်ပေါ့"

"ဆိုပါတော့ ကြည်သာက ဘေးအိမ်ကပြောင်းလာတဲ့သူပေါ့"

ကြည်သာက မြန်မာ၀တ်စုံလေးနဲ့ဒီနေ့မှထူးထူးဆန်းဆန်း လှတာတော့လှတယ်။ဘယ်လိုမိန်းကလေးမျိုးလဲ ဘယ်လိုနေနေလှနေရတာလဲ။

"ထူးဆန်းနေလား"

သူမပုံစံကိုအကဲခက်နေသော မွန့်ကိုမေးလိုက်မိသည်။
"အွန်း နည်းနည်းပေါ့ "

လှတယ်ဆိုတာကိုထုတ်မပြောဖြစ်ပါ အကြောင်းမှာတော့ အမြင်ကတ်လို့ပါ။

" အမလေး...သမီးရယ်..ဧည့်သည့်ကို ထိုင်တောင်မထိုင်ခိုင်းဘူး မတ်တပ်ကြီးရပ်လို့"

မီးဖိုချောင်အခန်းက ထွက်လာသောမေကြီးသည် လူမလာခင် အသံအရင်လာရှာသည်။

"လာ သမီးထိုင်ထိုင် သမီးမွန်ကအဲ့အတိုင်းပဲ "

လာလာခြင်းကိုယ့်သမီး မကောင်းကြောင်းစလာတာ စလာတာ မေကြီးရယ်လို့သာ စိတ်ထဲအော်မိလိုက်တော့သည်။

"သမီးလေးက တကယ့်ကိုချစ်စရာလေး ကြည့်စမ်းပါဦးကွယ် အန်တီက သမီးလေးနောက်တစ်ယောက်လိုချင်တာ အိမ်ကသမီးက အိမ်တွင်းပဲပုန်းနေတာ အမေနားလဲမကပ် အဖေနားလဲမကပ်ဘူးကွယ် အားရင် အန်တီတို့စီကိုလဲမကြာခနလာလည်နော်"

"ဟုတ်ကဲ့ အန်တီ"

"မေကြီးနဲ့ဖေကြီးနားကို မွန်ကပ်ပါတယ်နော် ဟွန့်"

"ကြည့်ပါလား အသက်ကဖြင့်ကြီးနေပြီ အခုထိချွဲတုန်း ကလေးဆန်တလားမမေးနဲ့"

ကြည်သာ သည် မွန့်ပုံစံကြည့်ပြီးအူယား လိုက်တာမပြောနဲ့ ရီလဲရီချင်တာမို့ အသက်မထွက်အောင်ရီလိုက်မိသည် ။ဒါကို မွန်က သူ့ကိုရီရလားဆိုပြီး မျက်စောင်းလေးဖြင့်မသိမသာထိုးနေသေးသည်။

အကြင်နာသူမWhere stories live. Discover now