ep 6

177 7 0
                                    

"လင်္ကာနဲ့မခင်ချင်လို့လား"

"မ . ...မဟုတ်ပါဘူး"

"ဒါဆို "

လက်ကိုကြည့်ပြတော့

"အော် ဟုတ်သား လရိပ်မေ့သွားတယ်"

"နာမည်လေးက လရိပ်တဲ့လား"

"ဟုတ် လရိပ်မောင်ပါ"

"နာမည်လေးရောလူလေးပါ ချစ်စရာလေးနော်"

"ဟို ..ကျေးဇူးပါ"

"အခုမှပြောင်းလာတာပဲ လာ လင်္ကာကူညီပါ့မယ်"

"ကျေးဇူးနော်"

လရိပ်တို့အဆောင်က မိန်ကလေးတွေအကုန်အခန်းတစ်ခန်းထဲအတူတူနေရတယ် ကုတင်တစ်ခုကို အပေါ်နဲ့အောက်နှစ်ခုရှိပြီး အပေါ်တစ်ယောက် အောက်တစ်ယောက် အိပ်ကြရတယ် ။ လရိပ်နဲ့ လင်္ကာ က အတူတူနေရတယ် သို့ပေမဲ့ လရိပ်က အောက်မှာအိပ်ရတယ်။ လင်္ကာကအပေါ်မှာအိပ်ဖို့ပြောပေမဲ့ အခုမှတွေ့တဲ့လူကိုတော့ ထပ်ပြီးကျေးဇူးမတင်ချင်တော့ပါ။

"ရတယ် လရိပ် ဒီကုတင်မှာပဲ အိပ်လိုက်မယ်"

"အဆင်ပြေရဲ့လား"

"ဟုတ် ပြေပါတယ်"

ထူးဆန်းတာက လရိပ်ကို အားလုံးက အံ့အောစွာကြည့်နေကြတယ် ။ အခုမှပြောင်းလာလို့လား ။ စိတ်ရှုပ်တာတော့အမှန်ပါပဲ။

"မာမီ့ကိုလွမ်းလိုက်တာ"

လရိပ်ကိုယ့်ကိုကိုယ်ပြန်ရီမိသည်။
ဟုတ်တယ်မလား အမေ့ကိုမလွမ်းပဲ မွေးစားမာမီကိုလွမ်းနေကြောင်းကိုပေါ့။ မာမီအခုချိန်ဘာတွေလုပ်နေမလဲ သတင်းစာဖတ်နေမလား အလုပ်တွေရှုပ်နေမလား ။ ကံ့ကော်ပင်တွေနားမှာနေပြီး တစ်စုံတစ်ယောက်ကို လွမ်းဆွတ်နေတဲ့မျက်လုံးလေးတွေနဲ့ ကံ့ကော်ပန်းလေးတွေကိုငေးကြည့်မလား ။ လရိပ် မာမီမို့ လရိပ်ပြောတာ မဟုတ်ပါ မာမီကဘယ်လိုနေနေလှပြီးကျက်သရေရှိနေတာ။

"လရိပ် အိမ်ကိုလွမ်းနေတာလား"

"ဟုတ်တယ်"

"ပထမဆုံးလာတာမို့လို့ပါ ကြာရင်နေသားကျသွား လိမ့်မယ်"

"လင်္ကာက ဒီမှာကို ရောက်တာကြာပြီလား"

" မကြာသေးပါဘူး ၃နှစ်ပဲရှိသေးတယ်"

အကြင်နာသူမWhere stories live. Discover now