ep 7

166 8 5
                                    

"ဘယ်အချိန်ထိ ကိုယ့်ကိုကိုယ် အပစ်တင်နေမှာလဲ သမီး ရှင်းသန့်သမီးက ဖေကြီးသမီးအရင်းမဟုတ်ပေမဲ့ အောင်ကျော်ကိုယ်တိုင် သမီးကိုဖေကြီးစီပို့ထားတာ သမီးကိုစောက်ရှောက်ဖို့ဖေကြီးမှာတာ၀န်အပြည့်ရှိတယ်!"

ဖေကြီးရဲ့လေသံမာမာတွေကို သူမ မကြားနိုင် တဲ့အထိ ဓာတ်ပုံတွေကိုသာ စူးစိုက်ကြည့်နေခဲ့သည်။

"မဟုတ်ဘူး မဟုတ်ဘူး ငယ်က သမီးရှေ့မှာကုန်တင်ကားကြီးနဲ့၀င်တိုက်သွားခဲ့တာပါ !"

မျက်ရည်တွေပြည့်နေသော မျက်လုံးနဲ့ ဒေါ်ကေတီဟာ တကယ့်ကို စိတ်ဒဏ်ရာအပြည့်နဲ့ ဘယ်လောက်တောင်နောင်တတွေနဲ့ရှင်သန်လာခဲ့တာလဲဆိုတာ ဘေးလူတွေအသိ ပျော်ရွှင်မှုကသူမနဲ့မထိုက်တန်ဘူးဟုတောင် သတ်မှတ်ထားသူ မဟုတ်လား။

လရိပ်မောင်၁နှစ်ပြည့်မွေးနေ့ ဆိုတဲ့ ခြံရှေ့ကဆိုင်းဘုတ်လေးတစ်ခု ။ ထို့နောက် ၂ထက်တိုက်အိမ်မှ ဒေါသတွေနဲ့ထွက်လာတဲ့ အမျိုးသမီးတစ်ဦး သူ့နောက်တွင် စိတ်ပူစွာလိုက်လာသော မြန်မာဆန်ဆန်အမျိုးသမီးတစ်ဦး။

"မလိုက်လာနဲ့နော် မမကြောင့်ငယ်အခုလိုဖြစ်သွားတာ! "

စလာတာနဲ့အပစ်တင်စကားတစ်ခွန်း ဘာမှပြန်မပြောပဲ ခေါင်းငုံ့နေသော အမျိုးသမီးမှာ ဒေါ်ကေတီပင်ဖြစ်သည်။

"မမရဲ့သတ္တိမရှိဘူးကြောင့် ငယ်အဲ့ကောင်လိုက်ထဲပါသွားတာ ငယ်ဖောက်ပြန်တာမဟုတ်ဘူးမမ!! မမငယ့်ကိုမယုံဘူးပဲ"

ကျလာတဲ့မျက်ရည်တွေကိုခက်ကြမ်းကြမ်းသုတ်၍ ငယ့်ဟာ သူမပြောချင်တဲ့စကားတွေသာပြောနေလေသည် နှလုံးရောဂါဟာ ချစ်ရသူမှာရှိနေမှန်းမေ့နေခဲ့သည် အထိ ငယ်ဟာအရူးတစ်ယောက်လိုစိတ်တွေဖောက်နေခဲ့သည်။

"ကလေးကငယ့်ကလေးပါမမ ဒါပေမဲ့ ငယ်လိုချင်လို့ရလာတာလဲမဟုတ်ဘူး အဲ့ကောင်ကိုယ်တိုင် ငယ့်ပါတီမှဆေးခက်ပြီး အတင်းသိမ်းပိုက်သွားတာ ပြီးတော့"

ဒေါ်ကေတီနောက်ဆက်တွဲမကြားချင်တော့ပါ မကြားချင်တာလား မကြာနိုင်တော့တာလား မသဲကွဲ။

"တော်ပါတော့ငယ်ရယ် မပြောပါနဲ့တော့မမ မှားပါတယ် မမ ဆက်နားမထောင်နိုင်တော့လို့ပါ မမကာကွယ်ပေးခဲ့သင့်တာပါ ကလေးလဲရှိသေးတယ်လေငယ် အိမ်ထဲပြန်၀င်ရအောင်နော်"

အကြင်နာသူမWhere stories live. Discover now