"ဆော့ဂျင်ရေ အောက်ကိုခနဆင်းလာအုံး သားရဲ့အဖွားကပြောစရာရှိလို့တဲ့ ""ဟုတ်ကဲ့ ဆင်းလာခဲ့ပါမယ် "
ဆော့ဂျင်ဖတ်လက်စ စာအုပ်လေးကို ပိတ်ကာဘေးက စားပွဲပေါ်တင်လိုက်သည်။ ထို့နောက်ကုတင်ပေါ်က
ဆင်းကာ အ၀တ်အစားကိုလက်နဲ့ နည်းနည်းသပ်လိုက်သည် ။
ပြီးတော့မှန်ထဲသူ့ပုံရိပ်ကိုကြည့်ကာ"ကင်မ်ဆော့ဂျင်တို့က ဘယ်လိုနေနေကိုချောတာ အဟွန်း"
ကိုယ့်ကို ချီးမွမ်းစကားပြောကာအောက်ထပ်ကို ဆင်းသွားလိုက်သည် ။လှေကားတစ်၀က်ကနေ အောက်ကိုငုံပြီးချောင်းကြည့်လိုက်တော့တိုးတိုးနဲ့ ဘာတွေပြောနေမှန်းမသိတဲ့ သူ့အဖွားရယ် ဟိုကောင့်အဖွားရယ်
"အွန်း ကင်မ်ဆော့ဂျင်ရေ သတိတော့ထားပေတော့ "
ကိုယ့်ကိုစိတ်ထဲက သတိပေးလိုက်သည်။
"ဟဲ့သား ဆင်းမလာပဲ ဘာတွေချောင်းနေတာလဲ "
"ချောင်းနေတာမဟုတ်ပါဘူး စဉ်းစားစရာလေးရှိလို့ "
"ဘယ်သူက စဉ်းစားတာကို ခါးကုန်းပြီး စဉ်းစားတုန်း"
"သားစဉ်းစားတယ်လေ "
"ဒီကလေးတော့ "
"ကဲတော်ကြတော့ မြေးလေး လာဒီမှာလာထိုင်"
အပေါ်နဲ့အောက်ရန်ဖြစ်နေတယ့် သူနဲ့အိုမားကို အဖွားက
လှမ်းအော်ကာသူကိုလာထိုင်ရန်ခေါ်တော့ မြန်မြန်ဆင်းသွားလိုက်သည် ။ အိုမားကိုလည်း လျှာထုတ်ပြခဲ့လိုက်သေးသည်။အဖွားတို့နားရောက်တော့ ငြိမ်ငြိမ်လေး
ထိုင်ကာ ပြောမယ့်စကားကိုသာ သေချာနားထောင်
နေလိုက်သည်။ မနားထောင်လို့လည်းမရဘူးလေ သူနိုင်တာအိုမားပဲရှိတာကိုး အဖွားတော့ကြောက်ရတယ် ။"မြေးလေးကိုပြောစရာရှိလို့ ခေါ်လိုက်တာ "
"ဟုတ်ကဲ့ "
" အဲ့တာ...."
"......"
"သားယောကျာ်းဂျွန်ဂျောင်ဂု နောက်နှစ်ရက်နေရင် ပြန်လာတော့မယ် "
"ဗျာ!!!! "
သူ့အဖွားက ပြောဖို့တွန့်နေတုန်း အဖွားမီရာ
ပြောလာတဲ့စကားကြောင့် ဆယ်ပေါင်တူကြီးနဲ့ခေါင်းကို ထုလိုက်သလိုခံစားရက ဘာမှမတွေးနိုင်ဘဲ သူ့နားထဲအဲ့သားယောကျာ်းဂျွန်ဂျောင်ဂုဆိုတာပဲ ထပ်ကာထပ်ကာကြားနေရသည် ။