Part-5

662 111 19
                                    


"ငါဘာလုပ်လို့လဲဟင် "

"ခင်‌ဗျား ကျုပ်ကိုကုတင်ပေါ်ကတွန်းချတာလေ အခုမှဘာအရူးကွက်နှင်းနေတာလဲ "

"ငါမင်းကို မတွန်းချပါဘူးဆို"

"ဂျွန်ဆော့ဂျင် ခင်ဗျားမတွန်းချလို့ ကျုပ်က ကိုယ့်ဘာသာဆင်းထိုင်ပြီး ခင်ဗျားကို အပြစ်တင်နေတယ်လို့ပြောချင်တာလား "

"အဲ့လိုမဟုတ်ဘူး ငါပြောတာက ငါတွန်းချတာမှန်တယ် ဒါပေမယ့် ငါတမင်လုပ်တာမဟုတ်ဘူး "

"........"

သူ့ကိုဘာမှမပြောပဲ ရုပ်တည်နဲ့ထိုင်ကြည့်နေတယ့် ဂျောင်ဂုကို
ကြည့်ပြီး ရယ်ချင်စိတ်ကို မထိန်းနိုင်ဘူးဖြစ်နေတယ် ။
ကင်မ်ဆော့ဂျင် မရယ်လိုက်နဲ့နော် မရယ်လိုက်နဲ့ ။ ထို့နောက်
သူဂျောင်ဂုကို ကြိုတင်တွေးထားတဲ့အတိုင်း မျက်နှာငယ်လေးလုပ်ကာ အလိမ်ညာလေးပြောလိုက်သည်။

"ငါ..ငါ့မှာ အိပ်နေရင်းယောင်တဲ့ အကျင့်ရှိ..ရှိတယ် "

"ဘာဇာတ်လမ်းတွေထွင်နေပြန်တာလဲ "

"မင်းကိုစနေတာမဟုတ်ဘူး အဲ့ဒါကြောင့်အစထဲက ငါနဲ့အတူမအိပ်ပါနဲ့လို့‌စေတနာနဲ့ပြောတာကို မင်းကနားထောင်လို့လား"

"အဲ့ဆို ခင်ဗျားအစထဲက ပြောလေ "

"ဘာလို့ပြောရမှာလဲ အဲ့ဒါငါ့သဘောပါ ငါပြောချင်ရင်ပြောမယ် မပြောချင်ရင်မပြောဘူး ပြီးတော့မင်း ငါ့ကိုခင်ဗျား ခင်ဗျားနဲ့ တော်တော်နားထောင်ကောင်းတယ် ထင်နေလားငါမင်းထက်အကြီးနော်"

"အဲ့ဒါကျုပ်သဘောပါ ကျုပ်ပြောချင်သလိုပြောမယ် ခင်ဗျားနဲ့မဆိုင်ဘူး "

သူကတွန်းချပြီး သူကတစ်ပြန်နှုတ်ခမ်းထော်ပြီး လူကိုရန်လာတွေ့နေတယ် ။ အသားနာရင် ဒေါသကတကယ်မထိန်းနိုင်ဘူးပြန်လုပ်ရမှကျေနပ်တာ ခင်ဗျားမနက်မှတွေ့ကြတာပေါ့
ပြီးတော့ယောင်တတ်တာတကယ်ဟုတ်မဟုတ် မနက်ဖြန်ညကျရင်တွေ့မယ် ။

"အရိုင်းစိုင်းကောင် "

"ကျစ်!! အာရုံနောက်တယ် "

"အာရုံနောက်ရင်သေ‌လေ "

"ဒုန်း!!"

သူ့စောင်နဲ့ခေါင်းအုံးကိုယူကာ အပြင်ထွက်သွားတယ့် တစ်ယောက်ကြောင့် သူ့အကြံစည် အောင်မြင်သွားသည် ။ တံခါးကိုလည်း ဆောင့်ပိတ်သွားတာများ ကျိုးမှာတောင်စိုးရိမ်ရသည်။ ထားပါ အခုတော့ နှစ်ယောက်အိပ်ကုတင်ကြီးပေါ်
လှဲချပြီး ဇိမ်ခံနေလိုက်သည်။

𝐀𝐟𝐭𝐞𝐫 𝐌𝐚𝐫𝐫𝐢𝐚𝐠𝐞Where stories live. Discover now