သူတို့သားမိအောက်ထပ်ရောက်တော့ အရင်ဆုံးတွေ့ရတာက တက်ကြွနေတဲ့သူ့အဖွားနဲ့ဂျောင်ဂုအဖွား ။
ဂျောင်ဂုအဖွားကတော့ထားပါ လေးနှစ်ကြာမှသူ့မြေးနဲ့
ပြန်တွေ့ရလို့ သူ့အဖွားကပါ ဘာလို့ အဲ့လောက်တက်ကြွနေလဲ
စဉ်းစားမရ"သမီး မုန့်တွေ အဆင်သင့်ပြင်ထားလိုက်တော့နော် ကားလမ်းထဲ၀င်လာပြီတဲ့ "
"ဟုတ် ဟုတ် ကျွန်မအခုသွားပြင်လိုက်မယ်နော် "
အိုမားက ပြောကာ မီးဖိုချောင်ဘက်ထွက်သွားသည်။ အဲ့တော့သူလည်း အဖွားတို့နားမှာပဲ သွားထိုင်ကာဖုန်းထုတ်ပြီသူတို့သစ်သီးခွဲတဲ့ဂိမ်း ကစားနေလိုက်သည်။
"တီ~တီ~တီ~"
"ဟော လာကြပြီထင်တယ် ငါသွားလိုက်အုံးမယ် "
"ဟဲ့ဖြေးဖြေးသွားပါ နင်ကိုယ်နင့်16နှစ်ထင်နေလား"
"အေးပါဟယ် ငါတွေ့ချင်းစောလောသွားလို့ပါ "
ကြားနေရတယ့် စကားတွေကြောင့် သူမျက်နှာကို မဲ့ပစ်လိုက်သည်။ မသိရင် ကမ္ဘာကြီးကို ကယ်တင်ပြီးလာတဲ့သူကို
သွားကြိုမှာကြနေတာပဲ ဟွန့်*****************
ဂျောင်ဂုကားပေါ်ကဆင်းကာ ဘေးဘီကြည့်ပြီမျက်မှန်ချွတ်ယုံရှိသေးသူ့ကိုလာပြေးဖက်လာတဲ့ သူ့မိီမီကြောင့် အနောက်ကိုယိုင်မလိုပင်။ မီမီဆိုလို့ တစ်မျိုးမထင်နဲ့နော် ငယ်ငယ်ထဲက ချစ်စနိုးနဲ့ခေါ်တာမို့"ဖြေးဖြေးဖက်ပါ မီမီရဲ့ ကျွန်တော် ဘယ်မှမပြေးပါဘူး "
ဖက်ထားသည်ကို ခွာက သူ့လက်တွေ နားတွေ နှုတ်ခမ်းတွေကိုကိုင်ကြည့်ကာ
"ကြည့်ပါအုံး လက်မှာလည်း တတ်တူးတွေနဲ့ နားမှာလည်း
ကွင်းတွေ နှုတ်ခမ်းမှာရော ကွင်းတွေနဲ့ လူဆိုးလိုပဲဘယ်လိုဖြစ်တာလဲဂျောင်ဂုရယ် "ကားပေါ်ကဆင်းလာတုန်းက သတိမထားမိပဲပြေးဖက်လိုက်ပေမယ့် အနီးကပ်ကြည့်မှပြောင်းလဲသွားတဲ့မြေးဖြစ်သူ
ကြောင့်သူ့မှာ မအံ့ပဲမနေနိုင် ဒီကသွားတုန်းကချစ်စရာယုန်ပေါက်လေးအဖြစ်နဲ့ပါ ပြန်လာတော့ ယုန်ဆိုးကြီးကြနေတာပဲ ။