"ဟိုမှာ တစ်ယောက်နဲ့တစ်ယောက်နဲ့ရန်မဖြစ်ဘဲ ကောင်းကောင်းနေကြနော် ကလေးတို့ တစ်ခုခုလိုအပ်တာရှိရင်လည်း ချက်ချင်းဖုန်းဆက်နော် "
"ဟုတ်ကဲ့ပါ "
ညစားစားပြီးလို့ ခနနားကာ သူတို့ဟိုအိမ်သွားဖို့ပြင်ဆင်နေ
ကြသည်။ ကားနားလိုက်ပို့ရင်း အဖွားနဲ့ အိုမား တစ်ခုပြီးတစ်ခုမှာနေကြသည် ။"အိုမားနဲ့ အဖွားလည်း ဂရုစိုက်ကြနော် "
"ဟုတ်ကဲ့ပါရှင် ဂျောင်ဂုလေး ဆော့ဂျင်ကိုဂရုစိုက်ပေးပါအုန်းနော်သား "
"ဒါပေါ့ဗျာ ကျွန်တော်အမျိုးသားကို ကိုယ်ဖိရင်ဖိစောင့်ရှောက်ပေးမှာမို့ စိတ်မပူပါနဲ့ "
အဖွားကပြောတော့ သူ့အဖွားနဲ့ စကားပြောနေတယ့်ကောင်က
ချက်ချင်းဒီဘက်လှည့်ကာ ပြီတီတီမျက်နှာဘေးလုပ်ကာ ပြန်ဖြေသည် ။ စိတ်ရှိတိုင်းဆို အဲ့မျက်နှာကြီးကို လက်သည်းနဲ့ ဆွဲကုတ်ပစ်လိုက်ချင်တာ ။"ကဲအရမ်းမမှောင်ခင် သွားကြတော့ "
အဖွားတို့ကို နှုတ်ဆတ်ပြီးနောက် သူတို့ရဲ့ကားလေးသည်လည်း တရွေ့ရွေ့နဲ့ သူတို့နှစ်ယောက်ရဲ့ အိမ်တော်ဆီသို့ ။
သွားနေတဲ့လမ်းတစ်လျှောက် ကားထဲတွင် အပ်ကျသံပင်မကြားရအောင် တိတ်ဆိတ်လို့နေသည်။ ဂျွန်ဆော့ဂျင်လည်း
ကားစထွက်ထဲက ပြတင်းပေါက်ဘက်မျက်နှာမူထားသည်မှာ
သူကို ရှိတယ်လို့တောင်မထင် ။ အဲ့တော့လည်း သူရှိနေကြောင်းသိအောင် လုပ်ပေးရမှာပေါ့ ။"ဂျွန်ဆော့ဂျင်ကလည်းကွာ ဒီကယောကျာ်းဖြစ်သူကိုလည်း အဖက်လေးဘာလေးလုပ်မှပေါ့ဗျာ "
"ချီးကိုဂျွန်ဆော့ဂျင်! ချီးကိုယောကျာ်း! ဂျွန်ဂျောင်ဂုမင်းကို
ခနခနပြောနေတယ်နော် ငါ့နာမည်ကင်မ်ဆော့ဂျင်လို့ ""ဟ ဂျွန်ဆော့ဂျင်ကိုလည်း ခနခနပြောနေတယ်နော် ကင်မ်ဆော့ဂျင်မဟုတ်ဘူး ဂျွန်ဆော့ အ့!! ဘာလုပ်တာလဲဗျာ"
သူစကားတောင်ဆုံးအောင်မပြောရသေးဘူး ပါးစပ်ကို
လက်ပြန်နဲ့ရိုက်ထည့်လိုက်တာများ စိမ့်နေရော လက်သံကလည်း ရှယ်ပြောင်လိုက်တာများ