"အူးဝါးးပန်းလေးတွေနဲ့ အပြိုင်လှနေတဲ့ ကင်မ်ဆော့ဂျင်လေးပါလား "
ပန်းပင်တွေရေလောင်းရင်း ဆော့ဂျင်တို့ သူ့ကိုယ်သူ
အမွှန်းတင်လို့နေသည် ။ ပြောရင်လည်း လူတွေက
ကိုယ်ဘက်ကိုယ်ယက်တဲ့ လိပ်လို့ပြောကြအုံးမယ်
ဒါပေမယ့်ကင်မ်ဆော့ဂျင်ရဲ့ ချောမောမှုက မြင်သူတိုင်း လည်ပြန်ငေးရတဲ့အထိပါဆို ။"ဒါပေမယ့် ဟိုကောင်နဲ့ယှဉ်ရင် ငါ့confidenceကမဆိုသလောက်လေးလျှော့သွားသလိုပဲ "
ဟိုကောင်ဆိုမှ အခုတလော ဂျောင်ဂုတစ်ယောက် သူ့ကိုမြင်ရင် ရှောင်နေသလိုခံစားရတယ် ။ ခါတိုင်းဆို အမြဲရန်စနေပြီး
အခုတော့ မြင်တာနဲ့ ရှောင်နေတော့တာပဲ ။ ပြီးရင် ထူးဆန်းတာက သူ့ကိုဂရုစိုက်ပေးနေတာ ။ မနက်ဆိုလည်း သူမထခင် မနက်စာလုပ်ပေးထားတယ် ။ ကိုယ်က ပထမတစ်ခေါက်လိုဖြစ်မှာဆိုလို့ မစားတော့လဲ ။"ငါတစ်ကယ် ဘာထောင်ချောက်မှမဆင်ထားပါဘူး မင်းစားစေချင်လို့ လုပ်ပေးထားတာ"
အဲ့လိုစိတ်မကောင်းတဲ့ မျက်နှာဘေးနဲ့ပြောတော့ မနေနိုင်တဲ့ကိုယ်ကပဲ အလျှော့ပေးလိုက်ရပြန်တယ် ။ ဟိုတစ်နေ့ကဆိုရေခဲသေတ္တာထဲမှာ သူ့စားတတ်တဲ့ဂျယ်လီတွေကို မျိုးစုံ၀ယ်ထည့်ထားပေးတယ် ။ မေးတော့ အကြွေပိုလို့ယူလာတာတဲ့
အကြွေပိုလို့ယူလာတာက လူငါးယောက်လောက်စားလို့ရတယ် ။ အခုသူရေလောင်းနေတဲ့ပန်းတွေကလည်း သူ့တွက်ဆိုပြီး ဂျောင်ဂုကိုယ်တိုင် တစ်ရက်လုံးမနားပဲ စိုက်ထားတာတွေပဲ ။"ဂျွန်ဆော့ဂျင်က ပန်းလေးတွေကြိုက်တယ်မလား အိမ်မှာပျင်းမှာဆိုလို့ အဖော်ရအောင် ကိုယ်ပန်းစိုက်ပေးတာ"
သူကအဲ့လိုလုပ်နေတော့ ရှယ်ဒုက္ခပေးမယ်ဆိုတဲ့ ကိုယ့်အစီစဉ်တွေက ရှေ့တိုးရမလို နောက်ဆုတ်ရမလိုနဲ့ ။
"မဟုတ်မှ ဒီကောင် အချိုသတ်ပြီး တစ်ခုခုကြံစည်နေတာတော့မဟုတ်ဘူးမလား "
"ရားးးးဂျွန်ဆော့ဂျင်!!"
ရုတ်တရက်သူ့အနောက်ကနေ အော်လာတဲ့ဂျောင်ဂုကြောင့်
ဆော့ဂျင်ကိုယ်လေး တုန်တတ်သွားတယ် ။ နောက်လှည့်
ကြည့်လိုက်တော့ ဂျောင်ဂုက သူ့စီကို အလောတကြီးပြေးလာနေသည်။