"ငါတို့နှစ်ယောက်က အိမ်ကို မလွန်ဆန်နိုင်လို့သာ ယူထားကြတာ နှစ်ယောက်လုံးက အဖြောင့်တွေ "
"ဟုတ်လား ကိုကိုဆော့ဂျင်သူပြောတာ"
မသိရင် သူကအနိုင့်ကျင်ပြီးကွာရှင်းခွင့်တောင်းသလိုမျိုး
သူပြောတာမယုံပဲ ဂျွန်ဆော့ဂျင်းနားသွားပြီး မေးနေတာကြောင့် သူ့မျက်နှာက တော်တော်ကို ဆူပုတ်နေပြီဖြစ်တယ်။ အဓိက အနားသွားတာကြောင့်မဟုတ်ပဲ လက်ကိုပါကိုင်ထားလို့ သူမျက်မှာ ဆူပုတ်နေတယ်ဆိုတာကို မသိချင်ယောင်ဆောင်ထားလိုက်သည်။"ကိုကိုဆော့ဂျင် ရာရာပြောပြမယ် ကိုကို့ယောကျာ်းလိုtypeမျိုးကို အသေရရ အရှင်ရရလိုချင်တဲ့သူတွေမှ အများကြီးနော် သိလား အဲ့တာကြောင့် ကိုကိုက မကွာရှင်းနဲ့နော်"
"ဂျောင်ဂုနင်ရော ဒီလို နုနုဖက်ဖက် သိုးမွှေးလုံးလေးလို ချစ်စရာလေးကို ရတာ ဆယ်ခါပြန်ကြီးတောင်ကျေးဇူးတင်ရမှာ အဲ့တာကို များ ကွာရှင်းမယ်လေး ဘာလေးနဲ့ "
မီရာတော့ ပြောနေပေမယ့် နှစ်ယောက်လုံးက ဘာမှမပြော
အဲ့ဒါထက် ဂျောင်ဂု သူ့ကိုဝါးစားတော့မလို့အကြည့်ကြီးနဲ့ကြည့်နေတာ မတတ်နိုင်ဘူး ကြည့်ရုံမကလို့ ဝါးစားလဲ မီရာတို့က မဖြုံပါ ။ အဓိက ဒီနှစ်ယောက်မကွာရှင်းဖို့ပဲ ။မီရာရေ နင်ရဲ့ ပျင်းရိခြောက်ကပ်စရာနေ့ရက်တွေကုန်ပြီ
Kookjinဆိုပြီး ပေ့ခ်ျဖွင့်ရမယ် ဒီနှစ်ယောက်နဲ့ ပတ်သက်တာတွေတင်ရမယ် သူတို့ချစ်သွားအောင် အော်သွယ်တော်လုပ်ရမယ် အားးး ငါ့ရဲ့နေရက်ကောင်းလေးတွေလာပြီ ။မီရာတစ်ယောက်တော့ သူ့အတွေးနဲ့သူဟုတ်နေပြီ ။
သူ့ဒီနားမှာ အိမ်ငှားပြီးဖြစ်ဖြစ် အဆောင်နဲ့ဖြစ်ဖြစ်နေရမယ် ဂျောင်ဂု သူလို တခြားတစ်ယောက်နဲ့တွဲလိုက်ရင် မဖြစ်ဘူး မဖြစ်ဘူး မျက်စိဒေါက်ထောက်ကြည့်မှ"ကိုကို ဒီနားမှာ မိန်းကလေးအဆောင်တွေပါတွေရှိလား "
"အာ ကျွန်တော်ကရောက်တာမကြာသေးလို့သိပ်မသိဘူး "
"ဟဲ့ဂျောင်ဂုနင်ရောသိလား "
"မသိဘူး မရှိဘူး မင်းပြန်တော့ "