"အခုန ကားနဲ့ ဘယ်သူလဲ အိမ်ပြောင်းလာကြတာလား "
အိမ်ထဲ၏၀င်၀င်ချင်း ဂျွန်ဆော့ဂျင်ရဲ့အမေးကြောင့်
ဂျောင်ဂု အကြပ်ရိုက်သွားရသည် ။ ဘယ်လိုဖြေရမလဲ
အမှန်တိုင်းပဲ ပြောပြလိုက်ရမလား ။ စဉ်းစား စဉ်းစား
ဂျောင်ဂု"ဂျောင်ဂု ငါမေးနေတယ်လေ "
"အာ အဲ့ဒါ အိမ်...အိမ်လိပ်စာ မသိလို့ မေး..မေးတာ "
ဖြစ်ချင်ရာဖြစ် အဲ့မီရာနဲ့ ဂျွန်ဆော့ဂျင်တို့ ရင်းနှီးမှာကို
မလိုလားဘူး ။သူသာအမှန်တိုင်းပြောရင် ဂျွန်ဆော့ဂျင်က သွားကူနေအုံးမှာ ။"ဪ~ ဟုတ်ပြီ ဒါနဲ့မင်းစကားပြောတာ ဘယ်လိုထစ်နေတာလဲ ချွေးတွေလည်းထွက်နေတယ် တစ်ခုခုကိုမလုံသလိုနဲ့ "
"ဘယ်..ဘယ်မှာထစ်လို့လဲ ဘာမှမထစ်ဘူး"
သူပြန်ငြင်းတော့ ဂျွန်ဆော့ဂျင်ဆီက ဟုတ်ရဲ့လားဆိုတဲ့
အကြည့်တစ်ခုသာရပြီး ပြန်ဆက်မမေးတော့တာကြောင့်
ကျေးဇူးတင်မိတယ် ။ ထပ်မေးရင် သူလိမ်တာ
ပေါ်သွားမှာသေချာတယ် ။"ဒါနဲ့ နေ့လည်စာ ဘယ်သူချက်မှာလဲ "
"ခင်ဗျားချက်လေ ကျွန်တော်နေ့တိုင်းမနက်စာလုပ်ပေးနေတာပဲ နေ့လည်စာတော့ ကိုယ့်ဘာသာချက်ပေါ့"
"ရားးးမင်းကိုငါက ငါ့တွက်ပါမနက်စာလုပ်ပေးပါ ပြောလို့လား မင်းဘာသာလုပ်တာလေ "
"ဒါပေမယ့်လည်း ကျွန်တော်လုပ်ပေးတော့ ပျော်နေတာမလား အဆင့်သင့်လေး လာစားရတော့ စားပြီးရင် ပန်ကန်တောင်မစားပဲ ထွက်သွားပြီးတော့များ "
မှန်နေသဖြင့် ဆော့ဂျင်တစ်ယောက် ငြိမ်နေလိုက်တယ်
တကယ်လည်း သူပြောသလို မနက်ထတာနဲ့ မနက်စာလေး
အဆင့်သင့် လုပ်ထားပေးတော့ ပျော်တယ်တော့မဟုတ်ပေမယ့် ကျေနပ်တာတော့ အမှန်ပဲ ။ မဟုတ်ရင် ကိုယ့်ဘာသာလုပ်ရမှာ ပျင်းပြီး ရှိတာစားတတ်တာ အကျင့်တစ်ခုလိုဖြစ်နေဝာာ ။ အေးပါလေ မနက်စာလုပ်ကျွေးတယ့် မျက်နှာထောက်ပြီး တစ်ရက်တစ်လေ ငါချက်ပေးလိမ့်ပါမယ် ။"ပြီးရော ပြီးရော ငါချက်မယ် အပိုတွေမပြောနဲ့တော့ ဘာစားမှာလဲပြော "