ငွေနှင်းငယ်မှုန်
လေညင်းရယ် တသုန်သုန်နှင့်
ချမ်းပုံမှာ ကမ်းကုန်ရစ်တာမို့
မန်းတုန်အောင် လမ်းဆုံကဟစ်ချင်တော့
သည်ခေတ်မှာ သည်လိုဟာဖြင့်
သည်ကိုယ်မှာ သေသေလုပါပေါ့
ကမ္ဘာကို ဗြဟ္မာတို့ ပြုခဲ့တယ်
ဆောင်းရတုပွဲ။
(အချုပ်တန်းဆရာဖေ...ဆောင်းရတုပွဲ)
ဆောင်းဦးရနံ လေညှင်းသည်သင်းဖြဖြလှိုင်ဝေ၏။မြောက်ပြန်လေ လည်းတဖြူးဖြူး၊ သင်ဖြူးဖျာလေးပေါ်၊ထန်းရည်လေးတမူးမူးနဲ့ အသဲကွဲနေတဲ့ ဖိုးထူးပါလေ။ ဒီနှစ်မိုးရာသီက ဖိုးထူးအတွက် အသဲကွဲမိုး၊ရင်ထဲက မိုး၊ပိုးစိုးပက်စက်မိုး၊မျက်ရည်သွန်းမိုး...အိုး..စုံနေတာပါပဲ။တစ်ကယ်... ကောင်းကျိုးမပေးတဲ့ မိုးပါဗျာ။
စဥ်းစားကြည့်...ငယ်ပေါင်းကြီးဖော် အစ်ကိုဝမ်းကွဲ ကိုဘီအေကြီးက ယောကျာ်းယူသွားတယ်။
နေပါစေ...ဒါအိမ်ထောင်ပြုဘုရားတည်ဖိုးထူး
နားလည်ပေးနိုင်သေးတယ်။အယ်...ဒါပေမဲ့..ချစ်ရပါသောမထားရီကလည်း၊မထားရီကလည်းပေါ့နော်။တွေးရင်းငေးရင်းနဲ့ ဖိုးထူးရင်ဘတ်ကြီး အောင့်လိုက်တာ။လက်တစ်ကမ်းအမှီကထန်းရည်အိုးကို တပြိုက်မော့ချလိုက်တာဂွပ်ကနဲ။ရင်ဘတ်ထဲ ဒဏ်ရာကိုတူးဆွမိလိုက်သည်နှင့် ပြီးခဲ့တဲ့မိုးဥတုကို ပြန်ပြောင်းမအောင့်မေ့ပဲမနေနိုင်။
မြေရနံတွေသင်းသင်းဝေနေတဲ့မိုးဥတုရဲ့နေ့စွဲ
တစ်ရက်မှာ မထားရီဘက်ကစ၊ဖိုးထူးကို တွေ့ဖို့ချိန်းခဲ့တယ်။မထားဆိုတာကလည်း ဖိုးထူးလူပျိုပေါက်အရွယ်တည်းက ကျိတ်သဘောကျရသူမို့လား။မေတ္တာရှိကြောင်းစာနဲ့တစ်မျိုး ၊ကိုယ်ဟန်မူရာနဲ့တစ်ဖုံး ပြသသော်လည်း မမထားက
ဟန်တစ်ခွဲသားနဲ့အမူပိုနေစဲ။မထားရီကိုရည်းစားစာပေးရတာလည်းသိပ်
စျေးကြီးသဗျ။ဖိုးထူးကိုယ်တိုင်ကစာဆိုသေစာ
ရှင်စာလောက်ပဲရေးတတ်တာ။မထားရီကျ
စာကို တောက်တောက့်မည်အောင်ဖတ်တတ်
တယ်လေ။အဲ့တော့ မထားရီဆီဆက်သဖို့ချစ်
သဝဏ်လွှာလေးများကို ၊ ကိုဂျွန်မိုးစက်ဆီစျေး
ကြီးကြီးပေးပြီးအကူအညီတောင်းရပြန်ရော။
YOU ARE READING
ရင်ငြိမ်းခက်ဝေ
Romanceမြတ်စွာဘုရားဆီမှာ ဆုတစ်ဆုသာတောင်းပါ တယ်။ ငြိမ်းကိုကျုပ်ပိုင်ရပါစေ။