Part.6

210 42 7
                                    

မနက်မိုးလင်းမှာပင်မြိုင်မြို့ကလိပ်မူပို့သော စာတစ်စောင်
ရင်ငြိမ်းဆီရောက်လာခဲ့တယ်ဟ။စာထဲမှအကြောင်းအရာ
တွေကတော့ထုံးစံအတိုင်းရင်ငြိမ်းခေါင်းကိုက်စရာပင်။
ဒီလကုန်နောက်လစစချင်းမှာပင် မမနွေ  လူကုံသည်တစ်
ယောက်နဲ့စေ့စပ်တော့မည့်အကြောင်း၊ရင်ငြိမ်းကိုအဲ့အမှီ
အိမ်ပြန်လာစေချင်ကြောင်းစီကာပတ်ကုံးရေးထားသလို၊
စာအဆုံးတွင်  ​အစိုးရပိုင်ဘဏ်ခွဲတစ်ခုတွင်အငယ်တန်းစာ
ရေးနေရာလစ်လပ်နေကြောင်းအရိပ်အမြွတ်ရေးသားထား
သည်။ရင်ငြိမ်းသည်ထိုစာကို အထပ်ထပ်အခါခါ ကျေညက်
နေအောင်ပြန်ဖတ်နေမိသည်။ဒီလိုအေးရာအေးကြောင်းတစ်
ယောက်ထဲထွက်လာခဲ့သည်တိုင် အေးရိပ်ငြိမ်ရှိမိသားစုများ
မှာရင်ငြိမ်းအားအလွတ်မပေးပါ။အမြဲတမ်းရင်ငြိမ်းဘဝ
ရှေ့ရေးတွက် စေ့စေ့ငုံငုံတိုင်ပင်ခြင်းမပြု။သူတို့စိတ်တိုင်း
ကျရင်ငြိမ်းဘဝကိုချယ်လှယ်ချင်ကျသည်။အခုအစိုးရ
အလုပ်လစ်လပ်နေရာကိုရဖို့လည်း လာဘ်အတော်ထိုးရ
ပါဦးမည်။အကပ်အတော်ကောင်းမှနေရာတစ်ခုတည်မြဲနိုင်
မည်မလား။ ရင်ငြိမ်း ရာထူးစည်းစိမ်၊ငွေရေးကြေးရေးဘာ
မှမမက်မောပဲ။ဒီအတိုင်းကိုယ့်အကြိုက်၊ကိုယ့်ဝါသနာလေး
တွေကိုတစိုက်မက်မက်လုပ်ရင်းဘဝကိုရှင်သန်ချင်သည်။
ဒါ့အတွက် အများမြင် ရင်ငြိမ်းမှာရူံ့ချချင်စရာဖြစ်နေပါ
လိမ့်မည်။ဒီတစ်သက်ရင်ငြိမ်းပေါ်နားပေးစွမ်းရှိမဲ့လူတစ်
ယောက်မှရှိလိမ့်မည်မထင်။

အတွေးထဲ နစ်နေချိန် ခြံတံခါးတွန်းဖွင့်သံကြားလိုက်ရသည်။
အပြုံးကြီးပြုံးကာ ချိုင့်ကြီးမြှောက်ပြလာသောကိုဖိုးထူး
ကြောင့်ရင်ငြိမ်း ပျော်ရွှင်စွာပင်ဝိုင်းတံခါးဖွင့်ပေးလိုက်၏။

ကိုဖိုးထူးမှာ အိမ်ရှေ့စားပွဲတွင်ဝင်ထိုင်သည်။မျက်လုံးတွေ
ကတော့ဂဏာမငြိမ်၊တောင်ကြည့်မြောက်ကြည့်။

"ကိုဖိုထူး ဘာတွေအရှာတော်ဖွင့်နေသလဲဗျ"

"ဖွင့်ဆို ဟိုဂေါ်မစွံလူဂစွာလူပျိုကြီး ဦးထွန်းလူရော၊မမြင်
မိပါသလားဗျ"

"မနက်တည်းက လယ်ထဲဆင်းသွားတယ်ကိုဖိုးထူး၊မိုး
ကျဆိုတော့ ဦးကြီးလည်းအားတယ်မရှိပါဘူး၊ လယ်ထဲ
ကိုင်းထဲဆင်းနေရတာနဲ့၊ကျွန်တော်တော့ ဧည့်လာလုပ်တာအချိန်ကာလဒေသကိုမရွေးမိဘူးထင်ပါတယ်။ အခုတော့..
ဦးကြီးအတွက် အလုပ်တစ်ခု၊အရှုပ်တစ်ခုပိုစေမိပြီ"

ရင်ငြိမ်းခက်ဝေWhere stories live. Discover now