မိုးသဲသဲထန်ထန်ရွာသည်ကြောင့်ချောင်းရေစီးသံတဝေါဝေါကို
အတိုင်းသားကြားရ၏။ရင်ငြိမ်း အိမ်မပျော်။ရင်ငြိမ်းအိပ်
မပျော်သလို ဖိုးထူးသည်လည်းအိပ်မပျော်။ကျားကျားယား
ယားယောကျာ်းသားနှစ်ယောက်ဆိုပေမဲ့မနေတတ်မထိုင်တတ်၊အနည်းငယ်ကို့ရိုးကားယားဆန်လှသည်။ တစ်သက်
နဲ့တစ်ကိုယ်ရင်ငြိမ်းအခြားလူရှေ့ အင်္ကျီအဝတ်အစားပြောင်
သလင်းခါပြီးမနေဖူးပါဘူး။ ကုန်ကုန်ပြောရရင် မေကြီးတောင်ရင်ငြိမ်းရဲ့ တီရှပ်အင်္ကျီအောက်က အတွင်းသားတွေမမြင်ဖူးခဲ့ပါလေ။လူပျိုရယ်လို့စဖြစ်တည်းက ရင်ငြိမ်း ဟော့
ဟော့ရမ်းရမ်းမနေ။ ဖိဖိစီးစီး၊ပိပိရိရိ လူရည်လူမွန်ဖြစ်အောင်
ကိုယ့်ကိုကို အကောင်းဆုံးထိန်းထိန်းသိမ်းသိမ်းနေခဲ့တယ်။အခုလို ကိုဖိုးထူးရှေ့ ဘောင်းဘီနံငယ်ပိုင်းလေးနဲ့ငြိမ်ငြိမ်
လေးထိုင်နေရတော့ နောက်ကျောမလုံ။ရှက်ကိုးရှက်ကန်း။
မိုးညကတော့သဲသဲမဲမဲရွာလို့ကောင်းတုန်း။ လင်းကနဲထင်း
ကနဲ လျှပ်စီးကြောင်းများပေါ်လာလိုက်၊ဝုန်းကနဲ ဒိုင်းကနဲ
မိုးကြိုးတွေပစ်ချလိုက်နဲ့၊ရှစ်ခွင်တိုင်းမှိုင်းညို အုံဆိုင်းနေ
တော့တာပဲ။ရင်ငြိမ်း မသိမသာသက်ပြင်းလေးခိုးချ၊တစ်ချက်ဘေးနား
စောင်းငဲ့ကြည့်လိုက်တာနဲ့ ကိုဖိုးထူးရဲ့ အကြည့်စူးစူးတွေ
နဲ့ဆုံတော့တာပဲ။ဒီလိုအကြည့်ခံရတာ ဘုရားပေါ်မှာတစ်ခါ၊
အခုတစ်ခါနဲ့ဆိုနှစ်ခါရှိနေပြီ။ ထိုအရည်ပျော်လောက်သည့်
အကြည့်စူးစူးတွေမခံစားနိုင်သည်ကြောင့်ပါးစပ်ဟကာရန်
တွေ့ဖို့ပြင်လိုက်သော်လည်း၊ စကားလုံးတွေလည်ချောင်းဝ
ကနေထွက်မလာ။ရှက်ရမ်းရမ်းကာနောက်တစ်ကြိမ်ခေါင်း
ငုံမျက်လွှာချရသည့်လူမှာလည်းငြိမ်းသာ။"ငြိမ်း...."
"ဟင်...."
"ဥမ္မာဒန္တီ အလှက မြင်သူတကာရူးစေတယ်ဆိုတာ ငြိမ်း
ယုံသလားဟင်...""ကျွန်တော်...မယ်ဥမ္မာကိုမြင်မှမမြင်ဖူးတာ။ရူးလောက်
အောင်လှမလှကို ဘယ်လိုလုပ်သိမှာလဲ၊ လှချင်လည်းလှ
မပေါ့"
YOU ARE READING
ရင်ငြိမ်းခက်ဝေ
Romanceမြတ်စွာဘုရားဆီမှာ ဆုတစ်ဆုသာတောင်းပါ တယ်။ ငြိမ်းကိုကျုပ်ပိုင်ရပါစေ။