မိုးရာသီမို့ပုန်းညက်ပန်းတွေဝေဆာပွင့်လွင်၏။
တောစံပယ်သည်လည်း မိုးရေစိုစွတ်သည်ကြောင့်
မွှေးနံတထောင်းထောင်း။ မိုးနံလေနံ၊မြေနံ..ပန်းရနံ
တွေစုပေါင်းကာ မုတ်သုတ်လေနဲ့အတူ အခန်းကျဥ်းလေးထဲဆောင်ကျဥ်းလာ၏။ လေနုအေးလေး
သည် အခန်းထဲရှိစောင်ပုံလေးအားဖြတ်တိုက်သွားသည်။အေးမြသောလေနုအေးအထိ
အတွေ့ကြောင့် ငြိမ်း အိပ်ယာထက်မှရုတ်တရပ်
ဆိုလန့်နိုးလာခဲ့၏။မနေ့ညက ဦးကြီးထွန်းလူပြောတဲ့စကားကို နား
မထောင်မိ။ပြူတင်းတံခါးကို မပိတ်မိတဲ့အခါ..
လေနုအေးလေးအပြင် မိုးစက်အမှုန်အမွှား
များပါအခန်းထဲ ဝင်ရောက်ကျူးကျော်
လာခဲ့သည်။ ငြိမ်း...တုပ်တုပ်မျှမလှုပ်ဘဲထိုအေးချမ်းမူ့လေးကို စိတ်ရောကိုယ်ပါသက်ဝင်ခံစားစေလိုက်တယ်။ အေးရိပ်ငြိမ်စံအိမ်ကြီးမှာဆို မနက်မိုးလင်းသည်နှင့် လူသံသူသံတွေဆူညံနေတတ်ပြီး ဘုရားတရားသံနဲ့ဝေးစွ။.အပြင်မှာ မိုးမလင်းတလင်း မြူ ခိုးအလွှာတစ်ခု
ခြုံလွှမ်းထားသည်။ လင်းကြက်တွန်သံနဲ့အတူ
ဘေးအိမ်ဆီမှ ပရိတ်တရားဒေသနာသံ ပျံလွင့်
လာပြန်တယ်။မဆိုးဘူးပဲ...ဒီခေတ်ဒီအခါရ သူဌေးသူကြွယ်အိမ်များတွင်သာ ရေဒီယို၊ အသံချဲ့စက်တွေရှိတတ်ကျတာ။အိပ်ယာခင်းစောင်ခြင်ထောင်ကိုအကျအနခေါက်သိမ်းကာ ပွင့်ထားသောပြူတင်းတံခါးရှေ့ငြိမ်းသည်မတ်မတ်ရပ်လိုက်သည်။ကြည်လဲ့နေသောမျက်ဝန်းများမှာ တစ်ဖက်ခြံ
ထဲတွင်ထီးထီးကြီးပွင့်နေသောတရုတ်စံကားပန်း
ပွင့်တွေဆီအကြည့်ရောက်သွားသည်။ယောကျာ်း
လေးဆိုပေမဲ့ ရင်ငြိမ်းသည်စာရေးဆရာ။ မျက်စိနဲ့မြင်ပြီး၊နှလုံသားနဲ့ခံစားတတ်တယ်။ သဘာဝ
တရားကြီးကို မြင်တတ်ရှုတတ်ကြည်နှုးတတ်၏။ထိုအေးချမ်းတဲ့လောကဓာတ်တရားကြီးနဲ့တသား
တည်းဖြစ်နေစဥ်၊ ရင်ငြိမ်းအမြင်အာရုံထဲလူရိပ်
တစ်ရိပ်တိုးဝင်လာခဲ့သည်။ အရပ်ရှည်ရှည်၊ပိန်
ပိန်သွယ်သွယ် ဝါဝင်းသောအသားအရေနှင့်ထို
လူသည် ရွှေမူန်စားပြီးကြီးလာသည့်နှယ်။
အင်္ကျီအဖြူ၊အညိုရောင်ပုဆိုးကွက်ကျားလေး
နဲ့ရိုးရိုးယဥ်ယဥ်ကြည့်လို့ကောင်းလှ၏။ ချစ်စ
ဖွယ်မျက်နှာလေးကြောင့်အနေအေးသည့်ငြိမ်း
သည်ပင် တခဏခြင်းရင်းနှီးကျွမ်းဝင်လိုစိတ်
ပေါက်မိသည်။.
YOU ARE READING
ရင်ငြိမ်းခက်ဝေ
Romanceမြတ်စွာဘုရားဆီမှာ ဆုတစ်ဆုသာတောင်းပါ တယ်။ ငြိမ်းကိုကျုပ်ပိုင်ရပါစေ။