မှန်ကူချောင်းရေသည်တသွင်သွင်စီးနေ၏။ ပန်းပဲရွာဘက်
ခြမ်းက ညောင်ပင်တန်းနဲ့သိပ်မဝေးသလို အနီးကြီးလည်း
မဟုတ်။ တောလမ်းချိုးကွေ့လေးတွေတိုင်းလှည်းလေးသည်
တရွေ့ရွေ့။လမ်းတစ်ဖက်ဆီပေါက်ရောက်နေတဲ့တောပန်းပွင့်
လေးတွေကြောင့်ရင်ငြိမ်းစိတ်ချမ်းသာရပါသည်။ မုတ်သုံ
လေသည်လည်းကျက်သီးများပင်ထအောင်ဆော်သွေးနေ၏။လေထုထဲ မိုးရနံမြေရနံတထောင်းထောင်း။သစ်ရိပ်ဝါးရိပ်..တောတောင်ရိပ်မှာ ဤမျှသာယာလှပပါသည်။
မြို့မှာဆိုဒီလိုတောတောင်သဘာဝကိုမြင်ရတွေ့ရဖို့ခဲယဥ်း
ပါလိမ့်မည်သို့နှင့် လှည်းလေးမှာမှန်ကူချောင်းကိုဖြတ်ကူးခဲ့သည်။
ချောင်းရေအရောင်နောက်ကျိချင်းအလျှင်းမရှိ။မှန်သားကဲ့သို့ကြည်လင်တောက်ပနေသည်ကြောင့်ရှိရင်းစွဲနာမည်နဲ့လိုက်သည်ဟုပင်ရင်ငြိမ်းထင်မြင်မိသည်။"ဒီချောင်းကအထက်မြစ်ညာဘက်ကနေ အခြေပြုပြီးစီးလာတာပေါ့..ကိုရင်ငြိမ်း။ ချောင်းရေ ကလည်းငြိမ်းတွေ့တဲ့အတိုင်းပဲကြည်ကြည်အေးအေးလေး။ချောင်းသေးမြောင်းသေးဆိုပြီးအထင်တော့မသေးလိုက်နဲ့။မိုးရွာပြီဆိုလို့ကတော့ရေစီးအသေကြမ်းသဗျာ။ဆင်လို အရွယ်အစားကြီးတဲ့သတ္တ ဝါတွေတောင်ရေစီးကြောင်းထဲ မျောသွားနိုင်တာမို့ ဆင်သေ
ချောင်းလို့လည်းခေါ်တယ်"ရေစိုမည်ကြောက်သောကြောင့်ရင်ငြိမ်းခြေထောက်လေးများ
လှည်းပေါ်တင်လျှက်သား။ ဆင်သေချောင်းဆိုတဲ့နာမည်
ကြားရုံနဲ့တင်စိတ်ထဲစနိုးစနောင့်ဖြစ်ရသည်။"မှန်ကူးချောင်းဆိုတဲ့ နာမည်ပဲကောင်းပါတယ်ကိုဖိုးထူးရယ်၊
ကျွန်တော်ကတော့ ဆင်သေချောင်းဆိုတဲ့နာမည်ထက်၊
မှန်ကူဆိုတဲ့အသုံးအနှုန်းလေးပဲ ပိုသဘောကျတယ်၊ကိုဖိုး
ထူးကရော ဘယ်နာမည်ကိုပိုသဘောကျလဲ..."ရင်ငြိမ်းအမေးကြောင့်ဖိုးထူး ပြုံးလိုက်မိသလိုရှိ၏။
မှန်ကူပဲခေါ်ခေါ် ဆင်သေချောင်းလို့ပဲခေါ်ခေါ် ဖိုးထူးအတွက်
ဘာမှအရေးကြီးတဲ့ကိစ္စအကြောင်းအရာမဟုတ်ပေ။"ငြိမ်း ကမှန်ကူချောင်းဆိုတော့လည်း၊ မှန်ကူချောင်းပေါ့
ဗျာ"
YOU ARE READING
ရင်ငြိမ်းခက်ဝေ
Romanceမြတ်စွာဘုရားဆီမှာ ဆုတစ်ဆုသာတောင်းပါ တယ်။ ငြိမ်းကိုကျုပ်ပိုင်ရပါစေ။