EP - 1

3.6K 97 10
                                    

Unicode

" အသက်!...မောင် မင်းကိုမသွားနဲ့လို့ပြောနေတယ်လေ......"

လှေကားကနေပြေးဆင်းသွားသည့်အသက်ကိုတားချင်ဇောကပ်နေတာကြောင့်လှမ်းအော်လိုက်မိတဲ့အသံကအတော်လေးမာထန်သွားမိသည်။ ခြေလှမ်းတို့တုံ့ခနဲရပ်ကာလှည့်ကြည့်လာတဲ့အသက်ရဲ့မျက်ဝန်းတွေကဒေါသအရိပ်အယောင်တွေပါနေခဲ့သလို ' ဘယ်လိုတားပါစေသွားရမှာပဲ.....' ဆိုတဲ့စကားလုံးတချို့ကလည်းကပ်ငြိနေပါ၏။

"ဒီနေ့လေးတော့မသွားပါနဲ့ကွာ......"

" ငါကဆရာဝန်နော်‌ ရေဝန်းရံသျှင်......"

တစ်ခါမှနာမည်အပြည့်အစုံမခေါ်ဖူးတဲ့အသက်ကထူးထူးဆန်းဆန်းနာမည်ခေါ်လာတာကြောင့်အံ့ဩမှုတို့နဲ့အတူနာကျင်မှုကလည်းရင်ထဲဗြောင်းဆန်နေအောင်ရိုက်ခတ်သည်။ လှေကားအောက်ခြေအဆုံးတွင်ရပ်နေသည့်အသက်အနားသို့တစ်ထစ်ချင်းဆင်းကာတိုးကပ်သွားလိုက်ပြီး

" မောင်သိပြီးသားလေအသက်...အခုမောင်ပြောနေရတာကလည်းဒီနေ့ကမောင်တို့ရဲ့မင်္ဂလာနှစ်ပတ်လည်နေ့မဟုတ်ဘူးလား ဒီလိုနေ့မျိုးမှာတော့မင်းအဲ့မိန်းမဆီဘာကိစ္စနဲ့မှသွားစရာမလိုဘူးလေအသက်ရယ်......"

" ငါကတခြားကိစ္စနဲ့သွားနေတာမှမဟုတ်တာ...ငါ့လူနာဆီငါသွားတာ ငါကသူ့ရဲ့family doctorလေ......"

ပြောပြောဆိုဆိုနဲ့ခြေလှမ်းတွေကိုပိတ်ထားသည့်တံခါးဆီဦးတည်လှမ်းနေတဲ့အသက်။ ဘယ်လိုပြောပြောနားမဝင်တော့တဲ့အသက်ကိုဘယ်လိုနည်းနဲ့ရှင်းပြပြီးဘယ်လိုများနားဝင်အောင်ပြောရပါ့မလဲလို့တစ်ချက်လေးတွေးမိစဉ်မှာပင်အသက်ရဲ့ခြေလှမ်းကျဲတွေကတံခါးအနားပင်ရောက်သွားလေချေပြီ။ အပြေးတစ်ပိုင်းလိုက်သွားရင်းတံခါးလက်ကိုင်ဆီလှမ်းနေတဲ့အသက်ရဲ့လက်ကိုဆုပ်ကိုင်ပစ်လိုက်တော့စိတ်ရှုပ်သလိုကြည့်လာတဲ့အသက်ရဲ့မျက်ဝန်းတွေကနှလုံးသားဆီစူးစူးနစ်နစ်ရိုက်ခတ်ပြန်တယ်။

" မသွားပါနဲ့အသက်ရယ်...နော် မောင်အသက်နဲ့နေချင်လို့ပါ......"

" ဖယ်စမ်း ရေဝန်းရံသျှင်!......"

လေသံခပ်မာမာနှင့်စကားသံကျယ်ကျယ်အဆုံးအသက်ကလက်ကိုဆောင့်ရုန်းကာတံခါးကိုဆတ်ခနဲဆွဲဖွင့်သည်။ ရုတ်တရက်ဝင်ရောက်လာသည့်နေရောင်ခြည်အလင်းရောင်ကြောင့်ခပ်မြန်မြန်ပင်ကာလိုက်ပေမယ့်လို့ထိတွေ့မိသွားသည့်လက်တစ်ဖက်ကလောင်ကျွမ်းကာနာကျင်မှုကခပ်ပြင်းပြင်း။

No sunlight zone Where stories live. Discover now