Unicode
အလုပ်သွားဖို့ပြင်ဆင်နေတဲ့အသက်ကိုကုတင်ပေါ်တွင်ခြေဆင်းထိုင်ရင်းသာအေးအေးဆေးဆေးငေးကြည့်နေမိသည်။ သူ့ဘာသာခြေချင်းလိမ်မတတ်အသည်းအသန်ပြင်ဆင်နေတဲ့အသက်ကတစ်ချက်တောင်လှည့်မကြည့်လာပေမယ့်ခပ်ဖွာဖွာဆံပင်လေးတွေကိုနမ်းရှိုက်ချင်စိတ်နှင့်နောက်ကျောပြင်လေးကိုရင်ခွင်ထဲထည့်ထားပစ်ချင်စိတ်ကတဖွားဖွား။ ဒါပေမယ့်လို့ဖြစ်စကတည်းကနေကိုယ့်ဘာသာခေါင်းမာပြီးဆေးမလိမ်းခဲ့မိတဲ့နံရိုးကအညိုအမဲစွဲဒဏ်ရာကြောင့်လူကတစ်ချက်လှုပ်တာနဲ့နာကျင်မှုကအပြင်းအထန်ပင်။
ကိုယ့်အပြစ်နှင့်ကိုယ်ပဲမို့လူကနေသာသလိုနေရင်းငြိမ်နေရတော့တဲ့အဖြစ်။' ကိုကို ငယ်ရောက်နေပြီနော် '
' ကိုကိုရေ လာနေပြီလား '
ရုတ်တရက်ကြားလိုက်ရတဲ့message notificationကြောင့်အသက်ဖုန်းဆီလှမ်းကြည့်လိုက်မိသည်။ ဖုန်းကကုတင်ဘေးရှိစားပွဲပေါ်တင်မို့ဖွင့်မကြည့်မိသော်လည်းscreenပေါ်ကစာနှစ်စောင်ကိုအတိုင်းသားမြင်နေရတာပင်။
အဟား! မောင်ကတော့မောင့်အသက်လေးအရေးကြီးလူနာများရှိနေသလားလို့တွေးနေမိတာ...တကယ်တော့အရေးကြီးတဲ့လူစောင့်နေလို့ကို......။" မောင် ငါအလုပ်သွားတော့မယ်...မင်းလည်းမျက်နှာသစ်ရေမိုးချိုးတော့လေ ဘာထိုင်လုပ်နေတာလဲ......"
ပြောပြောဆိုဆိုနှင့်စားပွဲပေါ်ကထုန်းကိုဆတ်ခနဲကောက်ယူသွားတဲ့အသပ်။ အနားရောက်လာတာမို့အသက်ရဲ့ကိုယ်သင်းနံ့လေးနှင့်ရေမွှေးနံ့ရောထွေးကာနှစ်လိုဖွယ်ကောင်းလွန်းသောအမွှေးနံ့လေးတစ်ခုကပါပျံ့နှံ့လာသည်။
" ဒီနေ့ခွင့်ယူလိုက်ပါလားအသက်......."
" ဟမ်......"
အံ့ဩသလိုလိုနားမလည်သလိုလိုပုံစံနှင့်မော့ကြည့်လာတဲ့အသက်ကအာမေဋိတ်သံတစ်ခုမှလွဲဘာဆိုဘာမှဆက်မပြော။ ပြောဖို့စကားလုံးရှာမတွေ့တာလည်းဖြစ်နိုင်သလို ၊ အံ့ဩပြီးငြိမ်သက်နေမိတာလည်းဖြစ်နိုင်သည်။ ဟုတ်တော့လည်းဟုတ်သား...မောင်ကတစ်ခါမှအသက်ရဲ့အခွင့်အရေးတွေကိုမပိတ်ပင်ဖူးခဲ့တာပဲကို.......။
YOU ARE READING
No sunlight zone
Short Storyနေရောင်ခြည်တွေကိုချစ်တတ်တဲ့ကောင်လေးနဲ့ နေရောင်ခြည်ကိုပုန်းရှောင်နေရတဲ့ကောင်လေးတစ်ယောက်ရဲ့သာမန်အချစ်ဖြစ်ပြီးသာမန်မဆန်ခဲ့တဲ့ပုံပြင်လေးတစ်ပုဒ်......