EP - 8

328 32 8
                                    

Unicode

" မောင့်အသက်ကအိပ်ပုတ်လေးဖြစ်လာတာပဲ......"

ပွင့်ဟနေတဲ့ပြတင်း‌ပေါက်လိုက်ကာစမှအလင်းရောင်ခပ်ဖျော့ဖျောါမှလွဲအမှောင်အတိပိန်းပိုက်နေတဲ့အခန်းငယ်ထဲတွင်ငြိမ်သက်စွာအိပ်ပျော်နေရှာတဲ့ကျွန်တော့်အသက်။ ဆံစလေးတွေကနှဖူးပေါ်ဝေ့ဝဲကျနေတာမို့လက်တစ်ဖက်ဖြင့်ခပ်ဖြည်းဖြည်းသပ်တင်ပေးလိုက်ရင်းရှင်းရှင်းလင်းလင်း‌မြင်ရလာသည့်မျက်နှာလေးကိုပါတစ်ဆက်တည်းငေးကြည့်လိုက်သည်။

" ၁လတောင်ရှိသွားပြီပဲ...တော်သေးတာပေါ့ မောင့်အသက်လေးပိန်မသွားလို့......"

အသက်ရဲ့ပါးအိအိလေးကိုလက်မဖြင့်ခပ်ဖွဖွပွတ်သပ်ပေးလိုက်ပြီးအခန်းတစ်ခုလုံးကိုဝေ့ဝဲကြည့်မိသည်။ အရင်ကအဖြူရောင်တွေပဲရှိနေတဲ့အခန်းငယ်ကအခုတော့အမှောင်ထုကြားမှာနေ့ဘက်နှင့်ညဘက်တောင်မသဲကွဲတော့။ အမြဲလိုလိုနေ့အလင်းရောင်ကိုတုပဖန်တီးထားခဲ့သည့်မီးရောင်တွေကြားမှာနေခဲ့ရင်းမှနေအခုဆိုဝန်းရံကိုယ်တိုင်ကပါအမှောင်ထုကိုသဘောကျလာခဲ့သည်။ အရင်လိုလိုက်ကာခပ်ပါးပါးအစားအနက်ရောင်လိုက်ကာစအရှည်ကြီးတွေကိုပဲပြောင်းလဲတပ်ဆင်ခဲ့ပြီးမီးအလင်းရောင်ကိုလည်းဝါကျင့်ကျင့်မှိန်ဖျော့ဖျော့သာထွန်းတော့တာကြောင့်အခုဆိုအိမ်ကြီးကတကယ့်ကိုခြောက်ခြားဖွယ်ပင်။

ဝန်းရံကုတင်ပေါ်မှထရပ်လိုက်ပြီးနံရံဘက်ဆီသို့တစ်လှမ်းချင်းလျှောက်သွားလိုက်သည်။ တိတ်ဆိတ်နေသည့်အခန်းကစီးထားသည့်leatherသားရှူးဖိနပ်ဆီမှအသံကလွဲ၍မည်သည့်အသံမှမကြားရ။ နံရံရှေ့မျက်နှာမူကာရပ်လိုက်တော့မှိန်ဖျော့ဖျော့အလင်းရောင်ကိုအမှီပြုကာမြင်ရသည်ကအသက်နဲ့‌အတူပျော်ရွှင်ဖူးခဲ့တဲ့အတိတ်ရဲ့အမှတ်တရပုံတွေ။

" ဘာပဲဖြစ်ဖြစ် မောင်တို့အတူရှိနေသေးလို့တော်သေးတာပေါ့အသက်ရယ်......"

ပြုံးပျော်နေသည့်အသက်ပုံလေးကိုခပ်ဖွဖွထိတွေ့ရင်းရေရွတ်မိတော့မျက်ရည်တစ်စက်ကအလိုလိုကျဆင်းသည်။ ဖယ်သုတ်ချင်စိတ်လည်းမရှိသလိုဆက်၍မျက်ရည်ကျချင်စိတ်လည်းမရှိ။ လက်သီးကိုသာတင်းတင်းဆုပ်ထားရင်းဟက်ခနဲတစ်ချက်ရယ်မိတယ်။
ဒီအတောအတွင်းခံစားချက်တွေပျောက်ဆုံးနေခဲ့တာဘယ်လောက်တောက်ရှိခဲ့ပြီလား။ ပျော်ရွှင်မှုလည်းမရသလို ၊ အရင်ကလိုလည်းနာကျင်မနေတော့ဘူး။ အသက်ကိုချစ်တဲ့စိတ်ကလျော့မသွားပေမယ့်အရင်ကလိုတော့ထုတ်ပြမနေမိတော့ပြန်ဘူး။ မောင်ဘာတွေဖြစ်နေမိတာလဲအသက်။
ဘာပဲဖြစ်ဖြစ်ပါလေမောင်ကကြံ့ခိုင်နေရမယ်မဟုတ်လား......။

You've reached the end of published parts.

⏰ Last updated: Jul 09 ⏰

Add this story to your Library to get notified about new parts!

No sunlight zone Where stories live. Discover now