EP - 2

1.1K 83 15
                                    

Unicode

လွန်ခဲ့သောတစ်နှစ်ခန့်......

ဒီရက်ပိုင်းငယ်နဲ့ခွန်မင်းတို့နှစ်ယောက်အတူသွားလာထားသည့်ဓါတ်ပုံတွေmediaပေါ်ပျံ့နှံ့သွားတာမို့သတင်းသမားတွေကခွန်မင်းရှိရာနောက်တကောက်ကောက်ကိုလိုက်‌နေသည်။ ဟိုသွားလည်းမလွတ်ဒီသွားလည်းတွေ့နေရတာမို့နဲ့မို့လူကအိမ်ထဲမှာသာငြိမ်နေရပြီးအတော်လေးလည်းစိတ်ရှုပ်နေမိလေပြီ။
ဟူး...ဘာလိုလိုနဲ့ငယ်နဲ့မတွေ့ရတာတောင်တစ်ပတ်ရှိသွားပြီပဲ......။

" မောင့်အသက်......"

စိတ်ရှုပ်ရှုပ်နှင့်ဆိုဖာပေါ်ခြေပစ်လက်ပစ်မှီထိုင်နေမိတုန်းကြားလိုက်ရသည့်အသံကြောင့်လူကအလိုလိုမျက်မှောင်ကျုတ်ကာလေပူတစ်ချက်မှုတ်ထုတ်လိုက်မိသည်။ မောင်နဲ့စကားမပြောချင်သေးသလိုမြင်လည်းမမြင်ချင်သေးတာကြောင့်လှဲအိပ်ပစ်လိုက်ရင်းမျက်စိစုံမှိတ်ထားလိုက်တော့တစ်စတစ်စပိုသင်းပျံ့လာတဲ့စံပယ်ပန်းရနံ့ဆန်ဆန်ကိုယ်သင်းရနံ့ကသေချာပေါက်အနားပိုတိုးကပ်လာတဲ့မောင့်ဆီမှပင်။
မောင်...မင်းက‌လေတကယ့်ကိုအလိုက်မသိလိုက်ပုံများ.....။

" အသက်ဒီကိစ္စကိုဒီအတိုင်းပဲလွှတ်ထားလိုက်တော့မလို့လား......"

" မထားလို့ငါကဘာလုပ်နေရမှာလဲ......"

စိတ်ပေါက်ပေါက်နှင့်အော်ပစ်လိုက်တော့မျက်နှာငယ်လေးနဲ့ပြန်ကြည့်လာပြန်တဲ့မောင်။ ငေးကြည့်လာတဲ့အညိုရင့်ရောင်မျက်ဝန်းတွေမှနေဝမ်းနည်းသွားပြီဆိုတာသိလိုက်ပေမယ့်လို့အခုအချိန်မှာချော့ချင်စိတ်လည်းမရှိသလိုနှစ်သိမ့်‌ပေးချင်စိတ်လည်းမရှိတာကြောင့်တမင်မသိချင်ယောင်ဆောင်ကာမျက်နှာလွှဲထားလိုက်သည်။

" အသက်မောင့်ကိုတော့ရှင်းပြသင့်တယ်လေဗျာ......"

" ကျစ်! ငါ့ကိုစိတ်ရှုပ်အောင်လာမလုပ်ပါနဲ့မောင်ရာ......"

ဆိုဖာပေါ်မှဆတ်ခနဲထရပ်ကာအော်ဟစ်ပြောဆိုမိတော့မောင်ကဘာဆိုဘာမှပြန်မပြောတော့။ တိတ်ဆိတ်နေသည့်အခြေအနေဆိုပေမယ့်စိတ်ရှုပ်နေတဲ့ဓါတ်ခံအခြေအနေကခွန်မင်းကိုဒေါသထွက်စေဖို့လုံလောက်သည်။

No sunlight zone Where stories live. Discover now