ဆောင်းဟွန်း ရေချိုးပြီး၍အဝတ်အစားဝတ်ကာ ကုတင်ထက်တွင် လှဲလျောင်းကာဖုန်းသုံးနေတယ်
မွေးနေ့ဖြစ်သည့်အတွက်ကြောင့် သူငယ်ချင်းများပို့ထားသည့်birthday wish များအတွက်ကျေးဇူးတင်ကြောင်းစာပြန်နေတယ်
ထိုအချိန်မှာဘဲ ဖုန်းဝင်လာတော့တယ် ဆောင်းဟွန်းလည်း ဝင်လာသည့်ဖုန်းကိုကိုင်လိုက်သည်
"သူငယ်ချင်းကြီး ပတ်ဆောင်းဟွန်း Happy Birthday ပါ"
"ဘာကိုHappy birthday လည်း ညရောက်လို့နောက်တနေ့တောင်ကူးတော့မယ် အခုမှသတိရလို့လား ဟမ်"
"ဟာ ဘာလဲချစ်လေးကစိတ်ဆိုးတာလား"
"ကြီးတော် ကိုချစ်လေး"
"အေးပါကွာ ကိုကို ပြန်လာမှဘဲ ချစ်လးအတွက်လက်ဆောင်တွေယူခဲ့ပေးမယ်နော် စိတ်မဆိုးနဲ့တော့နော်"
"တော်ပါတော့ကွာ ငါတောင်းပန်ပါတယ် ဒါနဲ့ဘယ်တော့လောက်ပြန်လာမလဲ"
"ရှေ့လလောက်ဆိုပြန်လာလောက်တယ် ငါ Korea ကိုလွမ်းနေပြီဟ"
"Korea ကိုဘဲလွမ်းတာသေချာလား"
"ကျစ် မင်းကတော့သိရဲ့သားနဲ့ ဝန်းလေးရော ဘယ်လိုလဲ မင်းသူ့ကိုသေချာဂရုစိုက်ပေးနော်"
"သူကလိမ္မာပါတယ် အမှတ်တွေလည်းကောင်းတယ်စာလည်းလုပ်တယ် အခန်းထဲမှာအတန်းခေါင်းဆောင်လေ ထွေထွေထူးထူး ဂရုစိုက်ပေးစရာမလိုပါဘူး"
"ဟုတ်လား ငါ့ကလေးလေးကိုအရမ်းလွမ်းနေပြီ"
"ပတ်ဂျေး တို့များကလေးကိုမုန့်ပေးကြိုက်နေရတာ စိတ်ရောလုံရဲ့လား"
"ဟျောင့်ငါက ငါ့ကလေးကိုလက်ထက်ဖို့အထိတောင်ရည်ရွယ်ထားပြီးသား မလုံစရာဘာမှမရှိဘူး မင်းလိုရည်းစားမရှိတဲ့သူကို ဒါတွေပြောနေလည်း နားလည်မှမို့လို့လား"
"ငါကမထားတာ မရှိတာမဟုတ်ဘူး ငါKorea စကားသင်ပေးလို့ တတ်တဲ့ကောင်ကများ"
"ပြောထားဦးပေါ့ ငါနဲ့ ဝန်းလေး အိမ်ထောင်ကျနေတယ့်အချိန်ထိ လူပျိုကြီးဖြစ်မနေဖို့မျှော်လင့်တယ်"
ပတ်ဂျေး ဆောင်းဟွန်းရဲ့အခင်ဆုံးသူငယ်ချင်း America Korea ကပြား အထက်တန်းတည်းကစခင်ပြီး ယခုထိအဆက်အသွယ်ရတဲ့ သူငယ်ချင်းပေါ့
ဂျေးက America မှာအနေများပြီးကိုယ့်မွေးရပ်မြေနဲ့အထိအတွေ့မရှိမှာကို ဂျေးမိဘများ စိုးရိမ်လို့ အထက်တန်းကို Korea တွင်တက်စေချင်းဖြစ်သည်
ဂျေးကKorea စကားကို လုံးဝမတတ်ပါ ပထမဆုံးတက်တဲ့နေ့မှာဘဲ ဖတ်စာအုပ်မပါ၍ ဘေးမှာထိုင်တဲ့ ဆောင်းဟွန်းကို ဖတ်စာအုပ်ငှားရန် လှမ်းတောင်းတော့